Main menu

Background

မန္တလးမှာ ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်း(ခရမ်း)ဈေးမြင့်လာပြီး ပဲစင်းငုံနီဈေးကျ

Mon, 04/25/2011 - 07:55 -- Anonymous (not verified)

မန္တလေးကုန်စည်ဒိုင်

စဉ် အမျိုးအမည်         ရေတွက်ပုံ       (ပြည်ပရောင်း)       (ပြည်တွင်းရောင်း)        ပြောင်းလဲမှု

                                                       ယခင်   ယခု           ယခင်         ယခု

၁ ပဲတီစိမ်းကြီး(အညာ)     ၁ တန်       ၈၁၆၃၁၅-၁ဝ၃၄၃၂၆
၂ ပဲတီစိမ်း(ခရမ်း)           ၁ ပိဿာ    ၁၁၁ဝ၂၆၃-၁၁၂၁၂၈၆
၃ ကုလားပဲဖြူလုံးကြီး       ၁ ပိဿာ             -                           ၉၂၆-၉၆၉
၄ ပဲစင်းငုံနီ                     ၁ ပိဿာ             -                            ၉၅ဝ-၉၃၃
၅ မတ်ပဲ                         ၁ ပိဿာ        ၁၁၁၇-၁ဝ၆၇
ဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃

မန္တလးမှာ ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်း(ခရမ်း)ဈေးမြင့်လာပြီး ပဲစင်းငုံနီဈေးကျ

                 ကုလားပဲဖြူလုံးကြီးကို ဒေသတွင်း ပဲခွဲစက်သမားများက သြင်္ကန်ပွဲတော်အပြီးမှာ ဝယ်အားကောင်းလာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့််လာပြီး တစ်ပိဿာကို  ၉၆၉ ကျပ ် (တစ်တန် ကို ၅၉၃၄ဝ၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကီ မန်းဈေးကွက်သို့ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကူး၊ မတ္တရာ၊ စစ်ကိုင်း၊ မြင်းမူ၊ ဆားတောင်၊ ရွှေဘို၊ ဝက်လက်နဲ့ နောင်ချိုစတဲ့ဒေသများက အဝင် ပုံမှန်ရှိနေပေမယ့် ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၃၃ ကျပ် (တစ်တန်ကို ၅၇၁၃၅၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ မှ ၂ဝဝဝ ကြားဖြစ်ခဲ့တယ်လို့ မြိဲု့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။ မန်းဈေးကွက်သို့ ရန်ကုန်ပဲတီစိမ်း(ခရမ်း) နဲ့ပဲတီစိမ်း(ပဲခူး)စများ အဝင်အနည်းငယ်သာရှိပြီး တရုတ်ဝယ်လက်က အရည်အသွေးကောင်းတဲ့ ပဲတီစိမ်း(ခရမ်း)ကိုသာ ဈေးပေး အဝယ် ရှိပြီး အရည်အသွေးညံ့တဲ့ ပဲတီစိမ်း(အညာ)စကို ဒေသတွင်း ပဲခွဲစက်သမားများသာ အဝယ်အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်း(ခရမ်း) တစ်ပိဿာကို ၁၈၃၁ ကျပ် (တစ်တန်ကို ၁၁၂၁၂၈၆ ကျပ်)၊ ပဲတီစိမ်း(အညာ)က တစ် ပိဿာ ၁၆၈၉ ကျပ်(တစ်တန်ကို ၁ဝ၃၄၃၂၆ ကျပ်)နှင့်အိတ်အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။