Main menu

Background

မန္တလေးဈေးကွက်က ပဲပုပ်လည်း တရုတ်ပို့တယ်

Sat, 03/06/2010 - 02:02 -- Anonymous (not verified)

    ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်းမှာ မန္တလေးဈေးကွက်ကို ကလေးက ပဲပုပ်များ အဝင်ရှိပြီး ဒေသတွင်းဆီကြိတ်သမားရော၊ တရုတ်ဝယ်လက်ရောရှိလို့ အရောင်းအဝယ်မှန်မှန် ဖြစ်ပါတယ်။ တရုတ်ဈေးကွက်ကို တစ်ရက်ခြား၊ နှစ်ရက်ခြား ဆိုသလို ကား တစ်စီး (၃၅၊ ၃၇ တန်)အတက်ရှိပါတယ်။ ဒီတစ်ပတ် ဈေးကွက်မှာ  ဗမာပဲပုပ်တစ်ပိဿာ ၇၅ဝ ကျပ်၊ ၈ဝဝ ကျပ်ဝန်းကျင်နဲ့ အရောင်းဖြစ်လို့ အရင်တစ်ပတ်က ၇၃ဝ ကျပ်၊ ၇၃၅ ကျပ်ထက်ဈေးမြင့် တက်လာတယ်လို့ ဆိုရမှာပါ။     သက်သက်နိုင်