Main menu

Background

မန္တလေးဈေးကွက်မှာ အောင်ပန်းချင်းက ဈေးပို

Thu, 03/11/2010 - 06:37 -- Anonymous (not verified)

     မန္တလေးရှိ ချင်းဈေးကွက်မှာ ယခင်တစ်ပတ်နဲ့စာလျှင် အောင်ပန်းချင်းက ဈေးပိုလာပြီး၊ မေမြို့ချင်းက ဈေးနိမ့်သွားတာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က အောင်ပန်းချင်းတစ်ပိဿာကို ၆ဝဝ ကျပ်၊ ၇ဝဝ ကျပ် သာရှိခဲ့ရာ၊ ယခုတစ်ပတ်မှာ ၇ဝဝ ကျပ်၊ ၇၅ဝ ကျပ်နဲ့ ဈေးအနည်းငယ်ပိုလာတယ်လို့ သိရပါတယ်။ မေမြို့ချင်းက ယခင် တစ်ပတ်က ၅ဝဝကျပ်၊ ၆ဝဝကျပ်ရှိခဲ့ရာ ယခုတစ်ပတ်မှာ ၄ဝဝ ကျပ်၊ ၅ဝဝ ကျပ်ဝန်းကျင်သာရှိကြောင်း သိရပါတယ်။ အောင်ပန်းချင်း အဝယ်လိုက်လို့ ဈေးတက်လာကာ မေမြို့ချင်းကတော့ ဈေးကွက်အကြိုက်နည်းလို့ ဈေးအနည်း ငယ်ပြန်အေးလာတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်း မန္တလေးဈေးကွက်သို့ အောင်ပန်းချင်းတစ်ရက်ကို ကုန်ချိန်ပိဿာ ၄ဝဝဝ မှ ၆ဝဝဝ ဝန်းကျင်၊ မေမြို့ချင်းက တစ်ရက်ကို ၅ဝဝ မှ ၁ဝဝဝ အတွင်းသာ အဝင်ရှိကြောင်း သိရပါတယ်။   သင်းသင်းမြတ်