Main menu

Background

မန္တလေး ကန်တော်ကြီးတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ ကျင်းပ

Fri, 02/19/2010 - 06:05 -- Anonymous (not verified)

    အဋ္ဌမအကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ရက် က ကန်တော်ကြီး လူထုအပန်းဖြေဥယျာဉ် (မန္တလေး)တွင် ဖွင့် လှစ်ခဲ့ပါတယ်။     ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်ပြပွဲကို ကျင်းပခြင်းကြောင့် မြို့တော်စိမ်းလန်း စိုပြေ သာယာလှပရေးလုပ်ငန်းတွင် ပြည်သူလူထုစိတ်ပါဝင်စားလာစေရန်နှင့် ပူးပေါင်းဆောင်ရွက် လာ စေရန် အိမ်တိုင်းအိမ်တိုင်း စိမ်းလန်းစိုပြေရေး ဆောင်ရွက်ခြင်းဖြင့်  မန္တလေးမြို့အား ဥယျာဉ်မြို့ တော်အဖြစ် တည်ဆောင်ရာ၌ အထောက်အကူ ဖြစ်လာစေရန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်စိုက်ပျိုးနည်းပညာများ ဖလှယ်နိုင်စေရန်နှင့် ပန်းမန်မျိုးကောင်းမျိုးသန့်သစ်များ ပြန့်ပွား လာစေရန်၊ အိမ်တိုင်း အိမ်တိုင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ကန်တော်ကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။     ယခုနှစ်တွင် ပြခန်းများလည်းတိုး၍ပြသထားရာ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော် မတီစိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနပြခန်းမှ လယ်ယာသုံးထွန်စက်နဲ့ ကြက်ဆူဆီကြိတ်စက်၊ ဓာတ်မြေသြဇာများ၊ အလှမွေးတိရစ္ဆာန်များကို ပြသရောင်းချခြင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနမှ စိုက်ပျိုးရေးနှင့် သက်ဆိုင်တဲ့ ဇီဝမြေဆီအကျိုးကျေးဇူးကို တောင်သူများနှင့် စိုက်ပျိုးရေး နှင့်သက်ဆိုင်သူများသိရှိစေရန် သဘာဝမြေသြဇာပြသရောင်းချခြင်း၊ ဆည်မြောင်းဦးစီးဌာနမှ ရေအရင်းအမြစ် အသုံးချရေးပြခန်း၊ မြန်မာ့စက်မှုသီးနံှ ဖွံ့ဖြိုးရေးလုပ်ငန်းပြခန်း၊ မြန်မာ့စိုက်ပိုျး ရေးပြခန်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနပြခန်း၊ တိုင်းရင်းသား ဆေးပညာ ဦးစီး ဌာနပြခန်း၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနပြခန်း၊ ဘူမိဗေဒဌာနမှ မြန်မာနိုင်ငံ တွင် ထွက်ရှိသည့် တွင်းထွက်သယံဇာတကို လူအများသိရှိနားလည်ရန်နဲ့ မြန်မာနိုင်ငံ၏ ငလျင်နဲ့ ပတ်သက်တဲ့ ဗဟုသုတများကို လေ့လာသိရှိစေရန် ပြသထားပါတယ်။ ဒါ့အပြင် စက်မှု လယ်ယာ ဦးစီးဌာနပြခန်း၊ ရှမ်းမောမြေကုမ္ပဏီမှ မွေးမြူရေးနဲ့ စိုက်ပျိုးရေး၊ ကျန်းမာရေးသုံး ပစ္စည်းများ ပြခန်း၊ ရွှေနဂါးကုမ္ပဏီမှပြခန်း၊ ဂြိုလ်တု ပိုးသတ်ဆေးအရောင်းပြခန်း၊ မြေလတ်ရာဇာဆေးနဲ့ အရောင်းပြခန်း၊ ဂွတ်ဘရားသား ကုမ္ပဏီလီမိတက်မှ လယ်ယာသုံးစက်ပစ္စည်း ပြခန်းများကို ပြသထားပါတယ်။    ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပြိုင်ပွဲတွင် ပန်းအလှပြုပြင်ခြင်း၊ ပန်းအလှပင်၊ အရွက် အလှပင်၊ ရွက်လှပင်၊ ပြည်တွင်းသစ်ခွ၊ ပြည်ပသစ်ခွ(ကတ်တလီးယား)၊ ပြည်ပသစ်ခွ (စင်သီး ဒီးယမ်း)၊ ပြည်ပသစ်ခွ (ဗင်ဒါ)၊ နှင်းဆီပင် အမျိုးမျိုး၊ ရှားစောင်းပင်၊ သက်ကြီးပုပင် (ဘွန်ဆိုင်း)၊ သစ်သီးပြိုင်ပွဲ အသီးပါသည့် အလှပင်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက်အရွက်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက် အထုပ်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက်အသီးပါပင်ပြိုင်ပွဲ၊ သစ်သီးဝလံဥပြိုင်ပွဲ၊  သစ်သီးပြိုင်ပွဲ၊ ဟင်းသီး အသီးအလုံးလိုက်ပြိုင်ပွဲ၊ ဟင်းအသီးအနံှ  အတွဲလိုက်ပြိုင်ပွဲများကို မန္တလေးတိုင်းအတွင်းရှိ ပန်း ပညာရှင်၊ ပန်းဝါသနာရှင်များ၊ စိုက်ပျိုးရေးဝါသနာရှင်များမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။    ၎င်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၂၁ မျိုးမှ ဆု ၆၂ ဆုနှင့် တံခွန်စိုက်ဒိုင်းဆုကို ချီးမြှင့်ခဲ့ရာ ဦးလှထွန်းအောင်၊ ခါတော်မှီ ပျိုးခြံမှ ပထမဆု  နှစ်ဆု၊ ဒုတိယဆု လေးဆု၊ တတိယဆု သုံးဆု စုစု ပေါင်း ကိုးဆုဖြင့် တံခွန်စိုက်ဆု ရရှိသွားခဲ့တယ်လို့ သိရပါတယ်။     ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲကို ဖေဖော်ဝါရီ ၁၂ရက်မှ ၁၈ရက်နေ့အထိ ပြသထားမှာဖြစ်ရာ ရှားပါးပန်းပင်များ၊ အလှပန်းပင်များနှင့် မန္တလေးမြို့ကို သရုပ်ဖော်ပြသထား သည့် ပြယုဂ်များတွင် ပန်းအလှဆင်ခြင်းများကို လာရောက်ကြည့်ရှုသူများမှ တစ်နှစ်ထက်တစ်နှစ် ဆန်းသစ်စွာ ပုံဖော်ပြသထားကြောင်း တွေ့ရပါတယ်။  ဇူးဇူး