၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွက် မန္တလေးစက်မှုဇုန် မော်တော်ယာဉ် ထုတ်လုပ်ရေးအတွက် တင်ဒါခေါ်ယူပြီး တင်သွင်းတဲ့ကုမ္ပဏီများမှ အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများအားလုံးရောက်ရှိခဲ့ရာ လုပ်ငန်းရှင် ၂၆ ဦးသို့ ဖြန့်ဖြူးပေးပြီးဖြစ် လို့ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးစက်မှုဇုန် K.O မော်တော်ယာဉ်ထုတ်လုပ်ရေးမှ ဦးကိုကိုဦးက ''အင်ဂျင်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောက်ရှိပြီဖြစ်တဲ့အတွက် လုပ်ငန်းလည်ပတ် နေပြီ။ နောက်ထပ် တင်ဒါအသစ်ထပ်ရောက်ဖို့လဲရှိတယ်။ တင်ဒါထပ်ရောက်ပေ မယ့် စက်မှုဇုန်ထုတ်ကားတွေ ဈေးမကျနိုင်ပါဘူး။ ဂျစ်က ဝယ်လိုအားနည်းတယ်။ လိုက်ထရပ်ကတော့ လူကြိုက်များတယ်။ လိုက်ထရပ်ကို ပြင်ဦးလွင်၊ လားရှိုး၊ မကွေး၊ မုံရွာဘက်က အများဆုံးဝယ်ယူမှုရှိတယ်''လို့ ပြောပါတယ်။ ဂျပန်မော်တော်ယာဉ်များမှာ ဈေးနှုန်းကျဆင်းမှုရှိလာခဲ့ပေမယ့် စက်မှုဇုန် ထုတ် မော်တော်ယာဉ်များမှာ ပုံမှန်ဈေးဖြင့် ဈေးတန်းလျက်ရှိပါတယ်။ စက်မှုဇုန် ထုတ် မော်တော်ယာဉ်များဈေးနှုန်းမှာ ဝယ်လိုအားပေါ်မူတည်၍ ဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ်တတ်ခြင်းကြောင့် ပုံမှန်ဈေးနှုန်းဖြင့် ယခင် လေးလဝန်း ကျင်မှ ဈေးနှုန်းအတိုင်း အရောင်းအဝယ်ရှိပါတယ်။ ဈေးကွက်မှာ လိုက်ထရပ် မော်တော်ယာဉ် တစ်စီး ကျပ်သိန်း ၁၃ဝ ဝန်းကျင်၊ ဂျစ်တစ်စီး ၆၅ သိန်း ဝန်း ကျင်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
Background