Main menu

Background

မန်းဈေးကွက်မှာ အဝင်လှိုင်ပြီး ဈေးမြင့်လာတဲ့ မြေပဲဆီဆံ

Thu, 02/18/2010 - 03:25 -- Anonymous (not verified)

     ယခုတစ်ပတ် မန္တလေးဈေးကွက် သို့ မြေပဲဆီဆံ အဝင်လှိုင်သော်လည်း ဈေးနှုန်းမှာ အနည်းငယ် မြင့်လာပါတယ်။ မြေပဲဆီဆံ သာမက ဆီထွက်သီးနှံ အတော်များများလည်း ဈေးအနည်းငယ်စီ မြင့်တက်လာပြီး ဆီဈေးလည်း ယခုရက်ပိုင်း အနည်းငယ်မြင့် လာပါတယ်။ တိုင်းတွင်းမြို့နယ်များဖြစ်တဲ့ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မတ္တရာ၊ စဉ့်ကူး၊ ဝမ်းတွင်း၊ ကျောက် ပန်းတောင်းမြို့ နယ်များ၊ စစ်ကိုင်းတိုင်း မြင်းမူ၊ လက်ပံလှ၊ မကွေးတိုင်း မကွေး၊ ရေနံချောင်း၊ ချောက်စတဲ့ဒေသများမှ ဝင်ရောက်လျက်ရှိရာ ကျောက် ဆည် ဆီဆံမှာ ဈေးကောင်းအရဆုံးဖြစ်တာကို တွေ့ရပါတယ်။ ဆီဆံတစ်ပိဿာလျှင် ကုန်စည်ဒိုင် ပေါက်ဈေးအနေနဲ့ ယခင် တစ်ပတ် က   တစ်ပိဿာလျှင် ၁၅၅၀ ကျပ်၊ ၁၅၂၅ ကျပ် ဈေးရှိခဲ့ရာက ယခုရက်မှာတော့ ကျောက်ဆည်ဆီဆံမျာ တစ်ပိဿာ ၁၆၀၀ ကျပ် ဝန်းကျင် အခြားဒေသထွက် ဆီဆံများမှာ တစ်ပိဿာလျှင်  ကျပ် ၁၅၅၀မှ ၁၅၉၀ ဝန်းကျင်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း သိရပါ တယ်။                                                                                                                  ဝါဝါခင်-မန္တလေး