Main menu

Background

မန်းနှမ်းဈေးကွက်နိမ့်သော်လည်း နှမ်းဆီဈေးပုံမှန်

Tue, 02/09/2010 - 06:02 -- Anonymous (not verified)

     ယခုတစ်ပတ် မန်းကုန်စည်ဒိုင်ဈေးကွက်သို့ မုံရွာ၊ ရွှေဘို၊ အရာတော်၊ မြောင်၊ ဆားတောင်၊ မြင်းမူ ဒေသများနှင့် ရေစကြို၊ ပခုက္ကူ၊ အောင်လံ၊ မကွေး ဒေသများမှလည်း ဝင်ရောက်ခဲ့ပါတယ်။ နှမ်းဖြူ၊ နှမ်းနက်မှာ တရုတ်ဝယ်လက်မှ ဆက်လက်ဝယ်ယူမှုရှိသော်လည်း ယခုတစ်ပတ်မှာတော့ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာတဲ နှမ်းများရဲ့ အရည်အသွေးညံ့မှုကြောင့် နှမ်းဖြူ၊ နှမ်းနက်တို့ရဲ့ ဈေးနှုန်း များ အနည်းငယ်နိမ့် သွားခဲ့ပါတယ်။  နှမ်းညိုကလည်း ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းဆီသမားများရဲ့ ဝယ်လိုအားနည်းတာကြောင့် ဈေးနိမ့်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ပထမပတ်မှာ မန်းဈေးကွက်တွင် နှမ်းဖြူ တစ်ပိဿာကို ၁၈၄၄ ကျပ်မှ ၁၈၈၉ ကျပ်၊ နှမ်းနက်က ၁၆၀၀ ကျပ်မှ ၁၆၄၄ ကျပ်၊ နှမ်းညိုကတော့ ၁၄၇၈ ကျပ်မှ ၁၅၀၀ ကျပ်ဝန်းကျင်တို့ဖြင့် ဈေးနိမ့် ရောင်းဝယ်ခဲ့ကြသော်လည်း နှမ်းဆီဈေး ကတော့ ဇန်နဝါရီလကုန်ပိုင်းမှ ယခုဖေဖော်ဝါရီလဆန်းပိုင်းအထိ နှမ်းဆီ တစ်ပိဿာကို ၂၈၀၀ ကျပ်မှ ၂၉၀၀ ကျပ်၊ မြေပဲဆီက ၂၉၀၀ ကျပမှ ၃၀၀၀ ကျပ်၊ စားအုန်းဆီက ၁၈၄၀ ကျပ်မှ ၁၈၇၀ ကျပ်ခန့်တို့ဖြင့် ပုံမှန်ဈေးဖြင့် ရောင်းဝယ်နေကြောင်း မန်းနှမ်းဆီဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။                                                                                                                                            မြင့်မြင့်မော်