Main menu

Background

မယ်လမင်းပါတဲ့နို့မှုန့်ထုတ်လုပ်သူများအား ဖမ်းဆီး

Mon, 03/01/2010 - 08:17 -- Anonymous (not verified)

  တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးပြည်နယ်ရှိ ဝေ့နန် နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံနဲ့ လူလေးဦးကို မယ်လမင်းပါဝင်တဲ့ နို့မှုန့် ထုတ် လုပ်မှုနဲ့ ဖေဖော်ဝါရီလ  ၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှာ  ဖော်ပြခဲ့ပါတယ်။    ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ Ningxia Tiantion ကုမ္ပဏီဟာ သံသယ ရှိတဲ့ နို့မှုန့် တန် ၁၇၀ကို ပြန်လည်ထုပ်ပိုးပြီးမူကျန်း၊ ဂွမ်ဒေါင်းနဲ့ အတွင်း မွန်ဂိုလီယားက စက်ရုံငါးရုံကို ရောင်းချခဲ့တယ်လို့ သတင်းရရှိတဲ့အတွက်  တရုတ်အစိုးရက မယ်လမင်းပါဝင်တဲ့ နို့မှုန့်များကို ဖမ်းဆီးနိုင်ရေး လိုက်လံရှာဖွေနေတယ်လို့ China Daily က ဆိုပါတယ်။   စီးပွားရေးလောဘဇောတစ်ခုကြောင့် မိမိပြည်တွင်းက ကလေးငယ်လေးတွေ ကျောက်ကပ်ရောဂါ မဖြစ်ပွားစေရေးနဲ့ ကျန်းမာ ရေးမထိခိုက်စေဖို့ မိမိနိုင်ငံအတွင်းသို့နို့မှုန့်တင်သွင်းမှုရှိလျှင်ပဲဖြစ်ဖြစ် စားသောက်ကုန်များ၊ ဆေးဝါးများ တင်သွင်းမှုရှိလျှင်ပဲဖြစ်ဖြစ် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနရဲ့ စစ်ဆေးချက်ကို ခံယူပြီး မှန်မှန်ကန်ကန်တင်သွင်းကြဖို့ တိုက်တွန်းလိုက်ပါရစေ။ Source..နကသ (သွင်းကုန်)  မြင့်အောင်၊ နကသ