Main menu

Background

မလေးရှားကုမ္ပဏီက အင်ဒိုနီးရှားနဲ့ အင်ဒိုခိုျင်းနားဈေးကွက်ကို မျက်စိကျ

Sat, 02/06/2010 - 11:03 -- Anonymous (not verified)

    သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) ကို ဦးစားပေးဆောင်ရွက် နေတဲ့ မလေးရှား တိုင်းအင်ဂျင်နီယာရင်းကုမ္ပဏီက အင်ဒိုချိုင်းနားနဲ့ အင်ဒိုနီးရှား ဈေးကွက်တွေကို အရအမိဖမ်းယူနိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိ ပါတယ်။    အိုင်စီတီလုံခြုံရေးအခြေခံ ဆော့ဝဲများကို အဓိကထားပြီး ကုမ္ပဏီရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှု ဈေးကွက်ကို ခဲျ့ထွင်ဖို့နေရာအဖြစ် လာအို၊ ဗီယက် နမ်၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ အင်ဒိုနီးရှားကို သတ်မှတ်ထားကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ် စတက်ဗင်လင်းကီဆန်းက ပြောကြား ပါတယ်။ လုပ်ငန်းများ စတင်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ရှစ်လကျော်ကပင် စီစဉ်ထားပြီးဖြစ်ကြောင်း ၎င်းကပြောကြားပါတယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်း ပြည်တွင်းဈေးကွက်မှာ နေရာရ အောင်ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ယခုအခါပြည်ပဈေးကွက်ရှာဖွေဖို့ အချိန်ကျလာပြီဖြစ်တယ်လို့ ဆိုပါတယ်။antara.co.id