Main menu

Background

မလေးရှားစားအုန်းဆီဈေး ဆက်လက်မြင့်တက်

Fri, 03/05/2010 - 18:18 -- Anonymous (not verified)

    တရုတ်နှစ်သစ်ကူးပွဲတော်ပိတ် ရက်များကြောင့် ယခုလအတွင်းစား အုန်းဆီထုတ်လုပ်မှု လျော့ကျတာရယ် ရေနံနဲ့ပဲပုပ်ဆီ ဈေးမြင့်တက်တာတွေရယ်ကြောင့် စားအုန်းဆီကြိူပွိုင့် ဈေးမြင့်ခဲ့သလို လက်ငင်းဈေးလည်း မြင့်တက်ခဲ့ပါတယ်။ မလေးရှား ပြည် တွင်း စားအုန်းဆီကြမ်းဈေးနှုန်းဟာ ယခင် တစ်ပတ်ထက်တစ်တန်ကို ရင်းဂစ် ၄၄ ဒသမ ၅ဝ (ကန်ဒေါ်လာ  ၁၃ ဒသမဝ၇) မြင့်တက်ပြီး ရင်းဂစ် ၂၆၁၄ ဒသမ ၅ဝ (ကန်ဒေါ်လာ ၇၆၈ ) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ဖေဖေါ်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ထိ တစ်ပတ်အတွင်း စားအုန်းဆီပို့ကုန်ခွန်မှာ တစ်တန်ကို ရင်းဂစ် ၅၄၅ ဒသမ ၄၄ (ကန်ဒေါ်လာ ၁၆ဝ.၂၃ ) ဖြစ်ပါတယ်။  ယုဇန