Main menu

Background

ရက်သတ္တတစ်ပတ်ကျော်ကာလအတွင်း စားအုန်းဆီအနိမ့်ဆုံးဈေးသို့ရောက်ရှိ

Wed, 10/15/2014 - 15:04 -- ydnar

မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးနှုန်းတွေက အောက်တိုဘာ ၂ရက်နေ့ကရက်သတ္တပတ်တစ်ပတ်အတွင်း အ နိမ့်ဆုံးဈေးကိုရောက်ရှိခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာ ဖော်ပြထားပါတယ်။ စားအုန်းဆီဈေးနှုန်းတွေက မနက်ပိုင်းဈေး ကွက်မှာ မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းပြန်ကျတာနဲ့ ရင်းဂစ်ငွေကြေးတန်ဖိုး ပြန်တက်လာတာတွေကြောင့် စား အုန်းဆီဝယ်လိုအားကို ကျဆင်းစေခဲ့တဲ့အတွက် စားအုန်းဆီဈေးတွေ တက်ရာက်ပြန်ကျခဲ့ပါတယ်။ အာရှဈေးကွက်မှာ

အမေရိကန်ပဲပုပ်ဆီဈေးကလည်းတစ်ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ပါတယ်။ ''ရေနံစိမ်းဈေးတွေကျတယ်။ပဲပုပ်ဆီဈေးတွေကျ တယ်။စားအုန်းဆီဈေးကလည်းဖဝါးခြေထပ်လိုက်လာတယ်"လို့ကွာလာလမ်ပူအခြေစိုက်နိုင်ငံခြားကုန်စည်အကျိုးဆောင် တစ်ဦးကပြောပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ ဒီဇင်ဘာအတွက် စားအုန်းဆီကြိုရောင်းဈေးက တစ်တန်ကို ၂၁၃၇ရင်းဂစ်နှုန်းထိ ရောက်ရှိခဲ့ရာစက်တင်ဘာ ၂၄ရက်နောက်ပိုင်းအနိမ့်ဆုံး ဈေးဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့မနေ့ ကေ ဈးအောက် ၂ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီးတစ်တန်ကို ၂၁၅၀ရင်းဂစ် (၆၆၂ ဒေါ်လာ)နှုန်းရှိခဲ့ပါတယ်။ စုစုပေါင်းေ ရာင်းချမှုပမာဏက ၂၅ တန်တွဲ ၄၅၈၂၈ တွဲရှိခဲ့ရာ ပျမ်းမျှရောင်းရနှုန်းဖြစ်တဲ့ ၃၅၀၀၀ တွဲထက်ေ ကျာ်လွန်ပါတယ်။ ကမ္ဘာ့ စားအုန်းဆီ ဖြန့်ဖြူးမှုရဲ့ ၈၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီးထိပ်တန်းထုတ်လုပ်သူတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့မလေးရှားတို့ရဲ့ သိုလှောင်လက်ကျန်ကို ဈေးကွက်ထဲမှာလှုပ်ရှားနေသူတွေက မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ စားအုန်းဆီ လက် ကျန်တွေကို ဝိတ်လျှော့ဖို့အတွက် မလေးရှားနဲ့အင်ဒိုနီးရှားနှစ်နိုင်ငံစလုံးက အောက်တိုဘာမှာ စားအုန်းဆီကိုအခွန်လွတ် တင်ပို့ခွင့်ပေးထားပါတယ်။