
လေးရှားစားအုန်းဆီဈေးကတော့ ဈေးကျဆင်းနေပြီး ဆက်လက်ကျနေနိုင်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်နေပါ တယ်။ ရေနံစိမ်းဈေးကလည်း စံချိန်တင်မြင့်တက်နေပြီး အခြားဟင်းသီးဟင်းရွက်ဆီများလည်း ဈေးတက်နေတာ ကြောင့် ကုန်သည်တွေအဖို့တော့ အမြတ်အစွန်းများလျက်ရှိ တယ်လို့ဆိုပါတယ်။
ဘာဆာမလေးရှားကုန်စည်ဒိုင်ရဲ့ သြဂုတ်လအတွက် ချုပ်ဆိုခဲ့တဲ့ အခြေခံစားအုန်းဆီဈေးနှုန်းဟာ တစ်တန်ကို ၂၄၇၃ ရင်းဂစ်ဈေးရှိခဲ့ပါတယ်။ ငွေလဲလှယ်မှုနှုန်းထားဟာ လည်း သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါ တယ်။
စားအုန်းဆီဈေး အမြင့်ဆုံးဖြစ်ခဲ့တဲ့အချိန်ဟာ ဧပြီလ ဖြစ်ခဲ့ပြီး နောက်ပိုင်းကာလတွေမှာ တဖြည်းဖြည်းဈေးကျလာခြင်း ဖြစ်ပါတယ်။ ကုန်သွယ်မှုကို လေ့လာကြည့်ပါက မေ ၂၃ ရက်မှာ စားအုန်းဆီ ၂၅တန်တွဲပေါင်း ၃၀၀၉၉တွဲ ကုန်သွယ်မှု ပြုခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုး မငြိမ်သက်မှုဟာ စားအုန်းဆီ ဈေးမတည်ငြိမ်မှုကို ဖြစ်စေတယ်လို့ ကုန်သည်အသိုင်းအဝိုင်း က ဆိုပါတယ်။
ရင်းဂစ်တန်ဖိုးကျဆင်းမှုကြောင့် နိုင်ငံခြားကုန်သည် များအတွက် တွက်ခြေကိုက်နေပြီး ဝယ်လိုအားမြင့်တက်လျက် ရှိပါတယ်။ စားအုန်းဆီဈေးကတော့ ရေနံစိမ်းဈေးကို စောင့် ကြည့်နေတဲ့ အနေအထားမှာရှိနေပြီး ဟင်းသီးဟင်းရွက်ဆီ တွေကို ဇီဝလောင်စာအနေနဲ့ အသုံးပြုမယ်ဆိုတဲ့သတင်းတွေ လည်းထွက်ပေါ်လျက်ရှိနေပါတယ်။
တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်မှာ စက်တင်ဘာ ပဲပုပ်ဆီဈေးဟာ သုည ဒသမ ၃ရာခိုင်နှုန်း ကျဆင်းနေပြီးကမ္ဘာ့ ဟင်းသီးဟင်းရွက်ဆီဈေးကွက်ကတော့ ဈေးကွက်ဝေစုကို အပြိုင်အဆိုင်လုယူဖို့ ကြိုးစားနေတယ်လို့ ဆိုရမှာဖြစ်ပါ တယ်။
ခင်လေးယုနိုင်