Main menu

Background

မလေးရှားနိုင်ငံတွင် မလေးရှားတက္ကသိုလ်အပြင် နိုင်ငံခြားတက္ကသိုလ် လေးခုသာရှိ

Mon, 03/22/2010 - 09:21 -- Anonymous (not verified)

    မလေးရှားနိုင်ငံသို့ သွားရောက်ပညာသင်ကြားလိုသော ကျောင်းသားများအနေဖြင့် မလေးရှားနိုင်ငံရှိ နိုင်ငံခြား တက္ကသိုလ်များ ရွေးချယ်ရာတွင် မလေးရှား Sarawak အစိုးရ အထောက်အပံ့နှင့် ဖွင့်လှစ်ထားသောနိုင်ငံခြား တက္ကသိုလ်အဖြစ် သြစတြေးလျသုံး ကျောင်းနှင့် ယူကေတစ်ကျောင်း စုစုပေါင်းလေးကျောင်းသာရှိကြောင်း မလေးရှားနိုင်ငံ Curtin University မှ ဆရာဖြစ်သူ ဒေါက်တာဇေယျာဦးက ပြောကြားသည်။    မလေးရှား Sarawak အစိုးရ အထောက်အပံ့နဲ့ သြစတြေးလျအစိုးရ  ပူးပေါင်းပြီး ဖွင့်လှစ်ထားတဲ့ ကျောင်း ၃ ကျောင်းနဲ့ ယူကေ က ဖွင့်လှစ်ထားတဲ့ ကျောင်း ၁ ကျောင်းစုစုပေါင်း ကျောင်းလေးကျောင်းပဲရှိတယ်။  တကယ်လို့ မြန်မာကျောင်းသားတွေအနေနဲ့ မလေးရှားနိုင်ငံက နိုင်ငံခြားတက္ကသိုလ်ကို ရွေးချယ်တက်မယ်ဆိုရင်  သိရှိထားဖို့လိုတယ်။ အခု မလေးရှားမှာ Engineeringအတက်များတယ်။Business နဲ့  Management လည်း အတက်များတယ်။ မြန်မာကျောင်းသားတွေက Engineering ကို အတက်များကြတယ်။     ၂ဝဝ၉ခုနှစ်မှာလဲ  မြန်မာတွေ အများဆုံးဝင်လာတယ်။ Curtin တက္ကသိုလ်မှာဆိုရင် ၂ဝ၁ဝ ခုနှစ်မှာ မြန်မာ ကျောင်းသား ၁ဝ ယောက်အထက် ရှိမယ်လို့ ခန့်မှန်းထားတယ်။ ဒီထက်လည်း ပိုနိုင်တယ်။  အခု ဘွဲ့လွန် ကျောင်းသားတွေကိုလည်း ဖိတ်ခေါ် ထားတယ်။ သုတေသနလုပ်ဖို့အတွက် ဖိတ်ခေါ်ထားတယ်''ဟု   ဒေါက်တာ ဇေယျာဦးက ပြောသည်။    အဆိုပါမလေးရှားနိုင်ငံရှိ နိုင်ငံ ခြားတက္ကသိုလ် လေးခုမှာ Curtin International University, Swim- burne University of Technology, Monash University နှင့် Nortin University တို့ဖြစ်ကြောင်း သိရသည်။