Main menu

Background

မဟာဗျူဟာပူးပေါင်းဆောင်ရွက်ဖို့ ကိုရီးယားနဲ့ အိန္ဒိယကတိပြု

Wed, 02/03/2010 - 08:14 -- Anonymous (not verified)

    တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်နဲ့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့ဟာ ဇန်နဝါရီ ၂၅ ရက်နေ့က နယူးဒေလီမှာတွေ့ဆုံပြီး နှစ်နိုင်ငံ အပြန်အလှန်မဟာဗျူဟာမြောက် ဆက်ဆံ ရေးကို တိုးမြှင့်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။    နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုဟာ ၂ဝဝ၉ ခုနှစ်က ဒေါ်လာ ၁၂ ဒသမ ၂ ဘီလီယံ ရှိခဲ့ရာကနေ ၂ဝ၁၄ ခုနှစ်မှာ ဒေါ်လာဘီလီယံ ၃ဝ ဖိုးအထိတိုးခဲျ့ဆောင်ရွက်ဖို့၊ ရင်းနှီးမြှုပ်နံှမှုကို မြှင့်တင်ဖို့ ဆက်ဆံရေးနယ်ပယ်တိုးခဲျ့ဖို့ဆိုတဲ့ အချက်တွေကို နှစ်နိုင်ငံခေါင်းဆောင်တွေ သ ဘောတူညီခဲ့ကြပါတယ်။ အစည်းအဝေးပြီးနောက် နိုင်ငံခေါင်းဆောင်တွေဟာ သဘောတူစာချုပ် ၃၁ ခုပါရှိတဲ့ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။    အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ပြင်သစ်၊ တရုတ်နဲ့ ရုရှားစတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံရှစ်နိုင်ငံနဲ့ မဟာ ဗျုဟာမြောက်ပူးပေါင်း ဆောင်ရွက်မှုသဘော တူညီချက်တွေ လက်မှတ်ရေးထိုးထားပါတယ်။ thechosunllbo.com