Main menu

Background

မိုက်ခရိုဆော့ဖ်၏ Free Second Shot 2010 စတင်ဖြေဆိုနိုင်ပြီ

Fri, 02/05/2010 - 12:24 -- Anonymous (not verified)

    မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှ အခမဲ့ ဖြေဆိုခွင့်ပေးထားသော အွန်လိုင်း စာမေးပွဲဖြစ်သည့် Free Second Shot 2010 ကိုစတင်ဖြေဆိုနိုင်ပြီဖြစ်ကြောင်း အဆိုပါစာမေးပွဲအွန်လိုင်းစင်တာဖြစ်သည့် Myanmar Inspiration မှ ဦးလှမျိုးထွန်းက ပြောသည်။    ၎င်းင်းအစီအစဉ်အား ၂၀၁၀ ဇွန်လ ကုန်အထိသာ ခွင့်ပြုသွားမည်ဖြစ်၍ ဖြေဆိုချိန်မှစတင်၍ ဇွန်လအထိ ကာလအတွင်း Enterprise Administrator Microsoft Certified IT Professional များဖြစ်သည်အထိ မိမိတို့ရွေး ချယ်ရာလမ်း ကြောင်းများအလိုက် စိတ်အေးချမ်းစွာဖြေဆိုနိုင်တော့ မည်ဖြစ်ကြောင်း၊ ၎င်း Free Second Shot အားမည်သူမဆိုဝင်ရောက်ဖြေဆိုနိုင်ပြီး စာမေးပွဲအရေအတွက် အကန့်အသတ် မရှိဖြေဆိုနိုင်ကြောင်း သိရသည်။ “မနှစ် က  Second Shot မှာ ၁၀၀၀ ကျော် လောက်စစ်ဆေးပေး ခဲ့ရတယ်။ Promotion နောက်ဆုံးရက်တွေဖြစ်တဲ့ ဒီဇင်ဘာ ၂၉၊၃၁ရက်တွေမှာ တစ်နေ့ကို စာမေးပွဲ ၃၀နီးပါးစစ်ဆေးပေးနိုင်ခဲ့ပါတယ်။ရန်ကုန်မှာစင်တာနှစ်ခုနဲ့မန္တလေးစင်တာ ပါပေါင်းမယ်ဆိုရင် ၂၀၀၉ Second Shot   အတွက် စာမေးပွဲပေါင်း ၁၄၀၀ လောက် စစ်ဆေးပေးခဲ့ရပါတယ်။ အတွေ့အကြုံမရှိတဲ့ microsoft စာမေးပွဲ ဖြေမယ့်သူတွေအတွက် Second Shot ဟာ တကယ်ကိုအားကိုးစရာပါ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု လည်းရှိစေပါ တယ်“ ဟု ဦးလှမျိုးထွန်းကပြောသည်။    အသေးစိတ်သိလိုပါက http://www.microsoft.com  တွင်ကြည့်ရှုနိုင်ပြီး Promotion voucher အမှတ်ကို http://www.prometric.com တွင် ဝင်ရောက်တောင်းဆိုနိုင်ကြောင်းသိရသည်။ Myanmar Inspiration သည် ၂၀၀၅ခုနှစ်တွင် Exam Center မှ စတင်ဖွင့်လှစ်ခဲ့ပြီး မိုက်ခရိုဆော့ဖ် စာမေးပွဲများအား စစ်ဆေးပေးခဲ့ရာ ယခုအချိန်ထိစာမေးပွဲပေါင်း ၇၀၀၀ ကျော်သွားပြီဟုသိရသည်။