Main menu

Background

မိုးပဲပုပ်ထက်ဈေးပိုရတဲ့ဆောင်းပဲပုပ်

Tue, 02/23/2010 - 08:20 -- Anonymous (not verified)

     ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် မိုး ပဲပုပ်မှာ စက်တင်ဘာလနှင့် အောက်တို ဘာလများမှာထွက်ရှိပြီဖြစ်လို့  ဆောင်း ပဲပုပ်အနေနဲ့လည်း  စိုက်ဧကအားလုံး ရိတ်သိမ်းပြီး ဖြစ်ပါတယ်။ မိုးပဲပုပ် စတင်ပေါ်ချိန်မှာ ပိဿာ ၂၀ တစ်တင်း လျှင် ၁၂၅၀၀ ကျပ်ဖြင့် စတင်ဈေးဖွင့် ခဲ့ပြီး၊ ဆောင်းပဲပုပ်ပေါ်ကာနီးအချိန်မှာ  ၁၂၈၀၀-၁၃၀၀၀ ကျပ်ဖြစ်ခဲ့ပါတယ်။ ယခု ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ တတိယပတ်မှာ ၁၄၅၀၀ ကျပ်ဖြင့်ဈေးနဲ့ တိုင်းအတွင်း  အရောင်းအဝယ်ဖြစ် လျက်ရှိတယ်လို့ သိရပါတယ်။     ပြည်မြို့ ပွဲရုံများသို့ အခြားတိုင်းမှ ဝင်ရောက်မှုမရှိဘဲ တိုင်းအတွင်းထွက်ရှိ သော ပဲပုပ်များကို ဒေသတွင်းသာ စား သုံးပြီး ပိုလျှံမှုအနည်းငယ်ကို ရန်ကုန်သို့ တင်ပို့ရောင်းချကြောင်းသိရပါတယ်။                                                                                                                                                                                   ဆုမွန်ဆွေ