Main menu

Background

မုံရွာဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ရှိလို့ ဈေးမြင့်လာ

Thu, 03/12/2015 - 19:53 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

မုံရွာဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို မြို့ခံပဲခွဲစက်များက ဝယ်လိုအား  ပုံမှန်ရှိတာကြောင့် ယခင်တစ်ပတနဲ့ နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၃၃၅ကျပ်(တစ်တန်ကို ၈၁၇၅၄၀ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၃၅၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို Export အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဝယ်လိုအားပြန်လိုက်လာလို့ ဈေး မြင့်လာပြီး တစ်ပိဿာ ၁၄၅၀ ကျပ်(တစ်တန်ကို ၈၈၇၉၆၅ ကျပ်) ဈေးဖြင့် အရောင်းအဝယ်ဖြစ်မှုပမာဏများခဲ့ကြောင်း ဈေးကွက် အတွင်းမှ သိရပါတယ်။