Main menu

Background

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

Wed, 12/21/2022 - 11:28 -- journal_editor

မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုး အစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့်  နှမ်းမျိုးစုံဈေး နှုန်းများ ဈေးပိုကောင်းလျက်ရှိသည်။
မတ်ပဲ
မုံရွာကုန်စည်ဒိုင်၌     ယခင်နှစ် ဒီဇင်ဘာလတွင်  ပဲတစ်တင်းလျှင် ကျပ် ၄၄၅၀ဝ ဖြစ်ခဲ့ပြီး  ယခုနှစ် ဒီဇင်ဘာလ တွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ  တစ်တင်း လျှင်   ကျပ်နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင်  အိတ်ရေ ၅၀မှ ၁၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း    သိရ သည်။
ပဲစင်းငုံ
မုံရွာကုန်စည်ဒိုင်၌    ယခင်နှစ် ဒီဇင်ဘာလတွင်  ပဲတစ်တင်းလျှင် ကျပ် ၃၆၀ဝ၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ တွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း လျှင်  ကျပ်နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ဝမှ ၁၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ပဲတီစိမ်း
မုံရွာကုန်စည်ဒိုင်၌   ယခင်နှစ် ဒီဇင်ဘာလတွင်  ပဲတစ်တင်းလျှင် ကျပ် ၄၂၆၀ဝ ဖြစ်ခဲ့ပြီး  ယခုနှစ် ဒီဇင်ဘာလ တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ  တစ်တင်းလျှင် ကျပ်နှစ်ထောင်ခန့်   ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၈၀ မှ ၁၀ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။
ကုလားပဲ
မုံရွာကုန်စည်ဒိုင်၌  ယခင်နှစ် ဒီဇင်ဘာလတွင်  ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင်  ကျပ် ၄၂၀ဝ၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာတွင် ပဲတစ်တင်းလျှင် ကျပ်၆၃၀ဝ၀၊ ၉၂၉ တစ်တင်းလျှင် ကျပ် ၃၉၆၀ဝ ဖြစ်ခဲ့ပြီး တစ်တင်းလျှင် ကျပ် နှစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ၁၅၀မှ၂၀ဝခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။
စွန်တာနီ/ပြာ
မုံရွာကုန်စည်ဒိုင်၌    ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၃၀ဝ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ  တစ်တင်း လျှင် ကျပ်သုံးရာ   လျော့နည်းခဲ့သည်။ တစ်ရက်လျှင်   အိတ်ရေ ၈၀မှ ၁၀ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း    သိရ သည်။
ထောပတ်ပဲ
မုံရွာကုန်စည်ဒိုင်၌     ယခင်နှစ် ဒီဇင်ဘာလတွင်   ပဲတစ်တင်းလျှင် ကျပ် ၄၈၃၀ဝ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးထောင်ကျော် လျော့နည်းခဲ့သည်။   တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၈၀ ခန့်   အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
မုံရွာကုန်စည်ဒိုင်၌    ယခင်နှစ် ဒီဇင်ဘာလတွင် ပြောင်း တစ်တင်းလျှင် ကျပ်၁၁၈၀ဝ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၂၁၀ဝ၀ ဖြင့်   အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ကိုးထောင်ကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ် ရေ ၁၀ဝမှ ၁၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
မြေပဲဆန်
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် မြေပဲဆန်နီ  တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြစ်ခဲ့ပြီး   ယခုနှစ်  ဒီဇင်ဘာလတွင် တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ၊ မြေပဲဆန်ဖြူ တစ်ပိဿာလျှင် ကျပ် ၃၁၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်ပိဿာလျှင်  ကျပ် ၅၃၀ဝ ဖြစ်ပြီး  တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ဝ မှ ၁၅၀ ခန့်   အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။
နှမ်းမျိုးစုံ
မုံရွာကုန်စည်ဒိုင်၌   ယခင်နှစ် ဒီဇင်ဘာလတွင် နှမ်းနက်   တစ်တင်း လျှင် ကျပ် ၆၅၀ဝ၀ ဖြစ်ခဲ့ပြီး  ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်းလျှင် ကျပ် ၇၇၀ဝ၀၊ နှမ်းဖြူ  တစ်တင်းလျှင် ကျပ် ၅၂၃၀ဝ ဖြစ်ခဲ့ပြီး  ယခုနှစ် ဒီဇင်ဘာလ တွင် တစ်တင်းလျှင် ကျပ် ၇၈၀ဝ၀၊ နှမ်း ညို တစ်တင်းလျှင် ကျပ် ၄၂၃၀ဝ ဖြစ်ခဲ့ ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်း လျှင် ကျပ် ၆၅၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်  တစ် သောင်းကျော်မှ    နှစ်သောင်းခွဲကျော် အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ် ရေ ၁၀ဝ မှ ၁၅၀ ခန့် အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။
တင်မာဝေ (မုံရွာ)