Main menu

Background

မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော  ဆီထွက်သီးနှံများ၏ ဈေးနှုန်းများ

Mon, 02/13/2023 - 12:01 -- journal_editor

မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ  နှမ်းမျိုးစုံဈေးနှုန်းများ အနည်းငယ်ကျဆင်းနေပြီး မြေပဲလုံးဆန်ဖြူပေါက်ဈေးမှာ မြင့်တက်နေသည်။ ယခုတစ်ပတ်အတွင်း နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀-၉၇၀ဝ၀၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၉၈၀ဝ၀ ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၀၃၀ဝ၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၁၀၁၀ဝ၀ ရှိပြီး ယခုတစ်ပတ် ကာလတူနှင့် နှိုင်းယှဉ်ပါက နှမ်းဈေးများ အနည်းငယ် ကျဆင်းလာကြောင်း သိရသည်။
ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆန်ပေါက် ဈေးနှုန်းနှင့် ဆီဈေးနှုန်း များမှာ လုံးဆန်ဖြူ တစ်ပိဿာ ကျပ် ၆၃၀ဝ-၆၄၀ဝ၊ မြေပဲလုံးဆန်နီ  တစ်ပိဿာ ကျပ် ၇၁၀ဝ-၇၂၀ဝ၊ ဆီဆန်ဖြူ တစ်ပိဿာ ကျပ် ၅၈၅၀ရှိပြီး ယခင်တစ်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်း များမှာ လုံးဆန်ဖြူ တစ်ပိဿာ ကျပ် ၆၁၀ဝ-၆၃၀ဝ၊ မြေပဲလုံးဆန်နီ တစ်ပိဿာ ကျပ် ၆၉၀ဝ-၇၀ဝ၀၊ ဆီဆန်ဖြူ တစ်ပိဿာ ကျပ် ၅၈၀ဝ ရှိ၍ ယခင်တစ်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ၊ မြေပဲလုံးဆန်ဖြူ ၊ ဆီဆန်ဖြူ ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေကြောင်း သိရသည်။  ယခုတစ်ပတ် ဆီဈေးမှာ ပဲဆီတစ်ပိဿာ ကျပ် ၁၂၀ဝ၀မှ ၁၁၅၀ဝ အထိ၊ နှမ်းဆီ တစ်ပိဿာ ကျပ် ၁၁၀ဝ၀ မှ ၁၀၅၀ဝအထိ ရှိပြီး နှမ်းနှင့် မြေပဲလုံးဆန်များ ဈေးမြင့်လာ၍ ဆီဈေးနှုန်းလည်း မြင့်တက်လာသည်။                                            

ဇေယျာကုန်သွယ်မှုဗဟိုဌာန