စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့ အိမ်ခြံဝင်းအတွင်း တစ်နိုင် တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရ ရှ ိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်း စိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေး နှုန်းများအနေဖြင့်အရည်အသွေးအပေါ် မူတည် ၍ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကွမ်း တစ် ပိဿာလျှင် ငွေကျပ် ၁၈၀ဝ၀- ၁၉၀ဝ၀ များဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီလတတိယပတ်တွင် ငွေကျပ် ၆၀ဝ၀-၉၀ဝ၀ များဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ငွေကျပ် ၅၀ဝ၀- ၇၀ဝ၀ များဖြင့်လည်းကောင်း ရောင်းချလျက် ရှိကြောင်း၊ ဆောင်းအကုန်နွေဦးရာသီတွင် ကွမ်း အထွက်နှုန်းတိုးပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုများကာ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။
DOCA (စစ်ကိုင်း)