Main menu

Background

မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးနဲ့ ပဲစင်းငုံနီ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်

Tue, 04/05/2011 - 04:10 -- Anonymous (not verified)

မုံရွာကုန်စည်ဒိုင်

စဉ် အမျိုးအမည်          ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)               ပြောင်းလဲမှု
                                             ယခင်အပတ် ယခုအပတ်
၁ ကုလားပဲဖြူလုံးကြီး       ၁ ပိဿာ         ၉၄၇       ၉၂၁
၂ ပဲစင်းငုံနီ                   ၁ ပိဿာ        ၉၈ဝ         ၉၃ဝ
၃ မတ်ပဲ(သစ်)              ၁ ပိဿာ        ၁ဝ၉ဝ        ၁ဝ၉၅
၄ ပဲတီစိမ်းသေး             ၁ ပိဿာ         ၁၂၁၁        ၁၂၁၁

ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄
မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးနဲ့ ပဲစင်းငုံနီ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်

                 ကုလားပဲဖြူလုံးကြီးက ဒီတစ်ပတ်မှာ တစ်ပိဿာကို ၉၂၁ ကျပ်(တစ်တန်ကို ၅၆၄ဝ၁၁ ကျပ်)နဲ့ ဈေးအေးနေပေမယ့် အရောင်း အဝယ်ဖြစ်မှုအရေအတွက်ကို မထိခိုက်ကြောင်း မြို့ခံပဲကုန်သည် တစ်ဦးကဆိုပါတယ်။ အဓိကဝယ်လက်တွေက ရန်ကုန်ဝယ်လက်နဲ့ မန္တလေးဝယ်လက်ဖြစ်ပြီး နေ့စဉ်အိတ် ၅ဝဝ မှ ၈ဝဝ ကြားပုံမှန်အဝယ် ရှိခဲ့တယ်လို့သိရပါတယ်။ ပဲစင်းငုံနီကီ တော့ ဈေးကွက်မှာ တစ်နေ့ ထက်တစ်နေ့ဈေးဆင်းနေပါတယ်။ ဝယ်လက်ကုန်သည်အချို့ကတော့ အိတ်စပို့ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်ယူစုဆောင်းမှုတွေ ရှိနေပြီး နယ်အဆွဲကတော့ အေးနေဆဲဖြစ်တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၃ဝ ကျပ် (တစ် တန်ကို ၅၆၉၅၂၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။