Main menu

Background

မူဆယ်ဈေးကွက်

Thu, 03/11/2010 - 06:57 -- Anonymous (not verified)

     တစ်ပတ်အတွင်း မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်မှာဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေရဲ့ အခြေအနေကိုဖော်ပြလိုက်ပါတယ်-ယခုတစ်ပတ် မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်ကို ဒေသအသီးသီးက ဝင်ရောက်လာတဲ့ အခြေအနေကို လေ့လာကြည့်မယ် ဆိုရင် အစေ့မဲ့ဖရဲသီးကို တံတားဦးမှ ၉၁၃ တန်၊ မိတ္တီလာမှ ၁၆၆၈ တန်၊ ကျောက်ဆည်မှ ၃ဝ၁ တန်၊ မြစ်သားမှ ၅၂၄တန်၊ ကူမဲမှ ၄၁၄၊ ပြွန်တန်ဆာမှ ၂၃၅.၅တန် ၊မန္တလေးမှ၁၅၆.၅၊ စုစုပေါင်း  ၄၂၁၃ တန် ဝင်ရောက်လာပြီး၊ ဖရဲအကြားသီး ဝင်ရောက်မှုအနေနှင့် ရန်ကုန် (ခရမ်း)မှ ၁၂၉ဝ တန်၊ မင်းလှမှ ၅ဝဝ တန်၊ မန္တလေးမှ ၁၆၅ တန်၊ ပြွန်တန်ဆာ ၁၁၈၊ စုစုပေါင်း ၂ဝ၇၃ တန် ဝင်ရောက်လာပါတယ်၊ ဖရဲအဖြူသီးကို တံတားဦးမှ ၆၄၅ တန်၊ မန္တလေးမှ ၃၈၃.၅တန်၊  တပ်ကုန်းမှ ၁၆၂၉ တန် ပုသိမ်မှ ၁၃၆ တန်၊ တောင်ငူ ၁၈၅.၅ စုစုပေါင်း ၂၉၇၉ တန် အသီးသီး ဝင်ရောက်လာကြောင်း တွေ့ရပါတယ်။