Main menu

Background

မော်လမြိုင်မှာ လျှပ်စစ်ပစ္စည်းအရောင်းပြပွဲပြုလုပ်

Wed, 02/24/2010 - 05:33 -- Anonymous (not verified)

မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင်  လျှပ်စစ်ပစ္စည်း အရောင်းမြှင့်တင်ရေးပြပွဲကို  နီးဘန်း ကုမ္ပဏီမှ အဓိကပံ့ပိုးလျက် ဖေဖော် ဝါရီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ နီးဘန်း၊ တီဟုမ်း၊ ဆိုနီ၊ အယ်ဂျီ အမှတ်တံဆိပ်ဖြင့် ထုတ် လုပ်သော တီဗွီ၊ ဒီဗွီဒီ၊ ရေခဲသေတ္တာ၊ အစရှိသော လျှပ်စစ်ပစ္စည်းဆိုင်များ၊ ကွန်ပူျတာ ဆက်စပ်ပစ္စည်း၊ ဒီဂျစ် တယ်ကတ္တားဆိုင်နှင့် အခြားလူသုံးကုန် လျှပ်စစ်ပစ္စည်းများကို ဈေးနှုန်းခိုျသာ စွာဖြင့် ရောင်းချခဲ့ပြီး စင်တင်တေးဂီတ၊ မော်ဒယ်ရှိုးများဖြင့်လည်း စည်ကားစွာ ကျင်းပခဲ့ပါတယ်။ နီးဘန်း၊ တီဟုမ်း၊ အယ်ဂျီတံဆိပ် ၁၄ လက်မကာလာ ဖလက် တီဗွီကို ၅၈ဝဝဝ ကျပ်မှ ၂၁ လက်မ ကာလာ ဖလက် တီဗွီတစ်လုံး ကို အနိမ့်ဆုံး ၉၂ဝဝဝ ကျပ်၊ ၂၁ လက်မ CCD တီဗွီတစ်လုံးကို  ၁ သိန်း ၉ သောင်းခန့်ဖြင့် ရောင်းချခဲ့တယ်လို့ သိရ ပါတယ်။                ဝင်းမြတ်