Main menu

Background

မြစ်ကြီးနားရော်ဘာဈေးအေးသော်လည်း ရော်ဘာဆက်လက်စုဆောင်းနေ

Wed, 02/03/2010 - 06:55 -- Anonymous (not verified)

    မြစ်ကြီးနားမြို့မှာ ၂ဝ၁ဝ ဇန်နဝါရီ လ ၁၇ ရက်နေ့က ရော်ဘာဈေး တစ်ပေါင်ကို ၁၂၅ဝ ကျပ်အထိ အမြင့် ဆုံးတက်ခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ၁၁၇ဝ ကျပ်ကို ဈေးပြန်အေးလာပါတယ်။ မန္တလေးဈေးကွက်က မြစ်ကြီးနားရော်ဘာကို တစ်ပေါင် ၁၁၈ဝ ကျပ်နဲ့ ဝယ်ဈေးအေးလာတာကြောင့် လို့ဆိုပါတယ်။     ၂ဝဝ၉ ခုနှစ်မှာ ရော်ဘာတစ်ပေါင်ဈေးဟာ ၅ဝဝ ကျပ်ဝန်းကျင်နဲ့ အထက်သာရှိခဲ့ပေမဲ့ ယခု ၂ဝ၁ဝ ခုနှစ် မှာတော့ ၁ဝဝဝ ကျပ်ကျော် အထိ ရောက်ရှိလာခဲ့တာကြောင့် စိုက်ပိုျးတဲ့ ခြံရှင်နဲ့ ထုတ်လုပ်တဲ့ လုပ်သားများအတွက်ပါ အကျိုးအမြတ်ရှိနေဆဲဖြစ်တာကြောင့် ပျိုး ထားတဲ့ ရော်ဘာပင်များကိုလည်း ဆက်လက်စိုက်ပိုျးသွားမယ်လို့ သိရပါတယ်။ ယခုအခြေအနေမှာ စုဆောင်း ယ်ယူနေဆဲဖြစ်လို့ မန္တလေးမြို့သို့ တင်ပို့နိုင်ခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။                                                      မောင်မောင်ခိုင်