Main menu

Background

မြန်မာဆန်တွေကို ထိုင်းဘက်သို့ ညစဉ်မှောင်ခိုတင်ပို့နေ

Tue, 02/09/2010 - 08:40 -- Anonymous (not verified)

    တစ်ဖက်နိုင်ငံမှာ ဆန်ဈေးကောင်းနေတဲ့အတွက် မြန်မာဆန်တွေ ထိုင်း-မြန်မာနယ်စပ် မြဝတီမှတစ်ဆင့် မဲဆောက်သို့ ရားမဝင် တင်ပို့မှုများရှိနေကြောင်း သတင်းရရှိပါတယ်။ ၅ဝ ကီလိုဝင် မြန်မာဆန်အကောင်းစားတစ်အိတ်ကို မဲဆောက်မှာ ထိုင်းဘတ်ငွေနဲ့ ၁၄ဝဝ ရှိပြီး မြန်မာငွေနဲ့ဆိုရင် ၄၂ဝဝဝ ကျပ်ခန့်ဈေးရှိပါတယ်။    ဘုရင့်နောင်ပွဲရုံကနေ မဲဆောက်ပွဲရုံရောက်တဲ့အထိ မြန်မာပေါ်ဆန်းမွှေး (ရှယ်) တစ်အိတ်ရဲ့ အရင်းဟာ ၃ဝဝဝဝ ကျပ်၊ လက်ရှိထိုင်းငွေဈေးနဲ့ဆိုရင် ဘတ် ၉ဝဝ လောက်ပဲ အရင်းရှိပါတယ်။ ဒီတော့ မြန်မာဆန် (ရှယ်စ) တစ်အိတ်ကို ဘတ် ၅ဝဝ နဲ့အထက် အမြတ်အစွန်းရရှိနေပါတယ်။ မြန်မာငွေနဲ့ဆိုရင် တစ်အိတ်ကို ၁၅၃ဝဝ ကျပ်ခန့် မြတ်ပါ တယ်။ ဒါကြောင့် ဆန်ကုန်သည်တွေအတွက် လောဘတက်စရာဖြစ်ပြီး အာဏာပိုင်တွေက ဖမ်းဆီးပိတ်ပင်မှုတွေလုပ်နေတဲ့ကြားက မဲဆောက်ဘက်သို့ ဆန်မှောင်ခိုတင်ပို့မှုဟာ တစ်ရက်အိတ် ၃ဝဝဝ လောက်ရှိ နေတယ်လို့သိရပါတယ်။ မဲဆောက်ဈေးကွက်မှာ မြန်မာ ဆန်ဝယ်လိုအားဟာ နေ့စဉ်အိတ်ရေ ၂ဝဝဝ ခန့်ရှိပြီး ထိုင်းနိုင်ငံသားများလည်း မြန်မာဆန်ကို စားသုံးကြကြောင်းသိရပါတယ်။