Main menu

Background

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း(မန္တလေးရုံး) စကားဝိုင်း ပြုလုပ်မည်

Fri, 02/19/2010 - 07:58 -- Anonymous (not verified)

    မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (မန္တလေးရုံးခွဲ) တွင် ဘာသာရပ်ဆိုင်ရာ ဗဟုသုတများဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရမည့်ကဏ္ဍများကို အင်ဂျင်နီယာရှုထောင့်မှ စကား ဝိုင်း တစ်ရပ်ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်သည်။     အဆိုပါ ဆွေးနွေးပွဲကို တစ်လတစ်ကြိမ်ပြုလုပ်မည်ဖြစ်ပြီး၊ ပထမဦးဆုံးပြုလုပ်မည့် ဆွေးနွေး ပွဲတွင် မြို့တော်အမှိုက်သိမ်းဆည်းမှုနှင့်ပတ်သက်သော စီမံခန့်ခွဲမှုအား မူဝါဒရေးရာမပါဝင်ဘဲ အင်ဂျင်နီယာရှုထောင့်မှ ဆွေးနွေးမည်ဖြစ်ရာ မည်သူမဆို တက်ရောက်၍ ဆွေးနွေးနိုင်သည်။ ဆွေးနွေးပွဲတွင် ဦးထွန်းကြည် (မန္တလေးရုံးခွဲ ဥက္ကဌ)၊ ဦးခင်မောင်စိုး (ဒုဥက္ကဌ)၊ ဒေါက်တာဆင့်စိုး (အတွင်းရေးမှူး)၊ ဦးမောင်မောင်စိုး (တွဲဖက်အတွင်းရေးမှူး-၁)၊ ဦးမြင့်အောင် (တွဲဖက်အတွင်း ရေးမှူး-၂)၊ ဦးတင်လတ် (ဘဏ္ဍာရေးမှူး)၊ ဦးအောင်ကျော်ဉာဏ်ဝေ (ပြန်ကြားရေးမှူး) နှင့် အဖွဲ့ ဝင်အသင်းသားများ၊ စိတ်ပါဝင်စားသူ အင်ဂျင်နီယာကျောင်းသားများ တက်ရောက်ဆွေးနွေးမည် ဖြစ်ကြောင်းသိရသည်။    မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (မန္တလေးရုံးခွဲ) အနေဖြင့် အာဆီယံအင်ဂျင်နီယာ ဘာသာ ရပ်ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ အာဆီယံအင်ဂျင်နီယာအသင်းများအဖွဲ့ချုပ်မှ အသိ အမှတ်ပြုလက်မှတ်များ ရရှိခဲ့ပြီးဖြစ်သည်။ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် AFEO  Honorary Member ကို ဦးစောလွင် (အငြိမ်းစား ညွှန်ကြားရေးမှူး၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း) က လည်းကောင်း၊ အာဆီယံအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်များကို ဦးထွန်းကြည် (ဌာနမှူး၊ ရေနှင့် သန့်ရှင်းမှုဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ) (မန္တလေး အင်ဂျင်နီယာ အသင်းရုံးခွဲ ဥက္ကဌ)နှင့် ဦးမျိုးအောင် (ဌာနခွဲမှူး၊ အဆောက်အအုံနှင့် ကုန်ရုံဌာန၊ မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီ) (မန္တလေးအင်ဂျင်နီယာအသင်း အလုပ်အမှုဆောင်) တို့က ရရှိခဲ့ပြီးဖြစ်သည်။ ဇူးဇူး