Main menu

Background

မြန်မာ့ကြံနှင့် သကြားလုပ်ငန်း ယှဉ်ပြိုင်စွမ်းအား မြင့်မားရေး နှီးနှောဖလှယ်ပွဲကျင်းပ

Tue, 02/09/2010 - 08:43 -- Anonymous (not verified)

     ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က နေပြည်တော်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ မြန်မာ့ကြံ နှင့် သကြားလုပ်ငန်း ယှဉ်ပြိုင်စွမ်းအား မြင့်မားရေး နှီးနှောဖလှယ်ပွဲကို မြန်မာ့စက်မှုသီးနှံ ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကြံသီးနှံလုပ်ငန်းဌာနနဲ့ မြန်မာနိုင်ငံကြံနှင့် ကြံထွက်ပစ္စည်း ကုန်သည်များနှင့်  ထုတ်လုပ်သူများ အသင်းတို့ ပူးတွဲကျင်းပခဲ့ပါတယ်။ နှီးနှောဖလှယ်ပွဲကို လယ်ယာစိုက်ပျိုးရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်ချုပ်ဌေးဦး တက်ရောက် အမှာစကားပြောကြားခဲ့ပြီး၊ စာတမ်းရှင် များအပါအဝင် စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ယခု နှီးနှော ဖလှယ်ပွဲဟာ ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း လည်း သိရပါတယ်။     နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ကြံနှင့် သကြားလုပ်ငန်း  ယှဉ်ပြိုင်စွမ်းအား မြင့်မားရေးအတွက် စိန်ခေါ်မှုများ၊ စဉ်းစားဆောင်ရွက် သင့်သည်များ ကြို တင်ပြင်ဆင်သင့်သည်များ၊  လေ့လာတွေ့ရှိချက်များကိုစာတမ်းပေါင်း ၁၁စောင် တင်သွင်းဆွေးနွေးခဲ့ကြပါ တယ်။ ဆွေးနွေးရာမှာ မြန်မာ့သကြား လုပ်ငန်းကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန်၊ အပြည်ပြည်ဆိုင်ရာ သကြားအဖွဲ့အစည်း (ISO) သို့ အသင်းဝင်ရန်ကိစ္စ၊ အာဆီယံ လွတ်လပ်သောကုန်သွယ်မှု ဒေသတွင် မြန်မာ့ကြံနှင့် သကြားလုပ်ငန်း ယှဉ်ပြိုင်စွမ်းအား ကောင်းစေ ရန် လိုအပ်သော ပေါ်လစီနှင့် လုပ်နည်း စနစ်များကို အဆိုပြုတင်ပြခြင်း၊ မြန်မာ၊ ထိုင်းနှင့်  တရုတ် ယူနန်ပြည်နယ် သကြား လုပ်ငန်းများ နှိုင်းယှဉ်လေ့လာ ခြင်း၊ ကြံသကြားလုပ်ငန်း သမိုင်းသစ် ဖော်ဆောင်ရေး၊   အသေးစားနှင့် အလတ်စား ကြံသကြား လုပ်ငန်းများ၏ လက်ရှိအခြေအနေ ဆန်းစစ်ချက်နှင့် ရေရှည်ရှင်သန်ဖွံ့ဖြိုးရေး၊ ကြံသကြားတန်ဖိုး အဆင့်ဆင့် ပြောင်းလဲမှုတွင် သကြားပါဝင်မှု ခန့်မှန်းခြင်းနှင့် ပိုလျှံ သကြား ပြည်ပတင်ပို့ခြင်းကို ခွဲခြမ်း စိတ်ဖြာခြင်း၊ ပြည်တွင်း ပြည်ပ သကြား ဈေးကွက်  သတင်းအချက်အလက် ထုတ်ပြန်ရေး ဝန်ဆောင်မှုလုပ်ငန်းကို အဆိုပြုတင်ပြခြင်း၊ သကြား ပြည်ပ တင်ပို့ရောင်းချရေးအတွက် သိကောင်း စရာများ၊ ပုဂ္ဂလိက သကြားလုပ်ငန်း၏ ကြံစိုက်ပျိုးရေးနှင့် ကြံကြိတ်ဝါး ထုတ်လုပ်မှု အခြေအနေများကို ဦးတည် ဆွေး နွေးခဲ့ကြပြီး တက်ရောက်လာတဲ့ ကြံလုပ်ငန်းရှင်များနဲ့  ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီး သိလိုသည်များကို မေးမြန်းရာ စ တမ်းရှင်များက ဖြေကြားရှင်းလင်းခဲ့ပါတယ်။     ဆွေးနွေးပွဲ တက်ရောက်လာတဲ့ စီးပွားရေးနဲ့  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့  နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနတို့မှ  ကုန်သွယ်မှုမြှင့်တင်ရေး တာဝန်ရှိသူများကလည်း သကြားများ စားသုံးမှုထက် ပိုလျှံသမျှကို  ပြည်ပ တင်ပို့နိုင်ရေးအတွက် ဈေးကွက်ရှာဖွေ ပေးရန် ပြည်ပသံရုံးများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးနေမှုများ၊   သတင်း အချက် အလက် ဖြန့်ဖြူးပေးနေမှု၊ ဈေးကစားမှုများကြောင့် ပြည်တွင်းဈေးက ပြည်ပဈေးထက်မြင့်နေပါက ရေရှည် ထုတ်လုပ်မှု ထိခိုက်နိုင် သောကြောင့် တောင်သူ၊ ကုန်သည်၊ စားသုံးသူအား လုံး အကျိုးကျေးဇူးရှိစေပြီး သကြား ထုတ်လုပ်မှုနှင့် တင်ပို့မှု တိုးတက်လာ စေရန် ပြည်တွင်းဈေးကွက် ပုံမှန်လည် ပတ်စေမည့် အစီအစဉ်များရှိရန် လို အပ်ကြောင်းများကို ဖြည့်စွက်ဆွေးနွေး ခဲ့ပါတယ်။     ဆွေးနွေးချက်များအရ သကြား လုပ်ငန်းဖွံ့ဖြိုးရန် သကြားဥပဒေတစ်ရပ် လိုအပ်ပုံ၊ လွန်ခဲ့သော၂နှစ်ခန့်က ပြည် တွင်းကြံဈေ းနိမ့်ခဲ့၍ ကြံစိုက်ဧက လျော့ကျနေခြင်း၊ အိမ်နီးချင်း နိုင်ငံများ၏ ကြီးမားသော ဈေးကွက်အလားအလာ ကောင်းရှိနေခြင်း၊ ကြံ သကြားသည် နို့ဆီ၊ မုန့်အမျိုးမျိုး စသည့် အခြားသော စားသောက်ကုန်လုပ်ငန်းများနှင့်ပါ နက် နက်ရှိုင်းရှိုင်း  ဆက်စပ်နေ၍ အထူး အရေးကြီးသော ကုန်စည်ဖြစ်နေခြင်းတို့ကို အလေးထား ဆွေးနွေးခဲ့ကြပြီး အနာဂတ်တွင် သကြားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်နှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု  တိုးမြှင့်လုပ် ဆောင်ရန်လိုအပ်ပုံ၊ ကြားခံဆောင်ရွက်မည့် ကုန်သည် အသင်းအဖွဲ့ တို့၏ကဏ္ဍ အထူးအရေးကြီးပုံတို့ကို ဖော် ထုတ်တင်ပြကြပြီး လက်တွေ့လုပ်ငန်း အစီအစဉ်များ    ရေးဆွဲအကောင် အထည်ဖော် သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။   ASMPM