Main menu

Background

မေလ တတိယအပတ် မန်းကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်တဲ့ပဲ၊ ပြောင်း၊ နှမ်း သီးနှံများရဲ့ ဈေးနှုန်းနဲ့ဈေးကွက်

Thu, 05/28/2015 - 21:27 -- journal_editor

အတွဲ(၁၅)အမှတ်(၁၉)

မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်း) မှာ နေ့စဉ် (ဥပုသ်နေ့ မှအပ) အနယ်နယ် အရပ်ရပ်မှ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များ လာရောက်ပြီး လယ်ယာ ထွက်ကုန်သီးနံှများကို ရောင်းဝယ်ဖောက်ကားလျက်ရှိပါတယ်။ ယခု မေလ တတိယပတ်မှာ သီးနှံစုံကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဈေးဖွင့်လှစ် ထားပေမယ့် အရောင်းအဝယ်အေးလျက်ရှိပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက-
            
ပြည်ပ (တရုတ်) ဝယ်လက်ဆွဲအားပုံမှန်ရှိနေတဲ့ ပဲတီစိမ်းကြီးက အဝင်ရှိသလောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ မေလ တတိယပတ်မှာ ပဲတီစိမ်းကြီး  တစ်ပိဿာ ၂၁၃၃ ကျပ် (တစ်တန် ၁၃၀၆၂၂၈ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၂၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ ပဲနီပြားတစ်ပိဿာ ၈၃၃ ကျပ် (တစ်တန် ၅၁၀၁၂၁ ကျပ်) နဲ့ ယခင်တစ်ပတ်ထက် ဈေးအေး သလို အရောင်းအဝယ်လည်း အနည်းငယ်အေးလို့ နေ့စဉ်သုံးတင်း အိတ် ၁၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲကြီး တစ်ပိဿာ ၁၂၃၁ ကျပ် (တစ်တန် ၇၅၃၈၅၂ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့ ဈေးနှုန်းတူနဲ့ နေ့စဉ်သုံးတင်းအိတ် ၂၅၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပဲပုပ် (ရှမ်း) တစ်ပိဿာ ၈၃၆ ကျပ် (တစ်တန် ၅၁၁၉၅၈ ကျပ်)၊ ပဲပုပ် (ဗမာ) တစ်ပိဿာ ၉၃၀ ကျပ် (တစ်တန် ၅၆၉၅၂၃ ကျပ်) နဲ့ နေ့စဉ် ပဲပုပ်စေ့ နှစ်မျိုးပေါင်း သုံး တင်းအိတ် ၃၀၀ ကျော်၊ ပဲယင်း တစ်ပိဿာ ၈၁၇ ကျပ် (တစ်တန် ၅၀၀၃၂၃ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၂၀၀ ကျော်၊ ထောပတ်ပဲ တစ်ပိဿာ ၉၂၄ ကျပ် (တစ်တန် ၅၆၅၈၄၈ ကျပ်) နဲ့ နေ့စဉ် သုံးတင်း အိတ် ၃၀၀ ခန့်၊ မြေထောက်ပဲ တစ်ပိဿာ ၁၁၈၅ ကျပ် (တစ်တန် ၇၂၅၆၈၂ ကျပ်)နဲ့ နေ့စဉ်သုံးတင်းအိတ် ၂၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။
ပြည်တွင်းလှောင်လက်၊ ရန်ကုန်ဝယ်လက်နဲ့ အိန္ဒိယ (ပြည်ပ) ဝယ်လက်တွေ ဝယ်ယူမှုရှိနေတဲ့ မတ်ပဲ၊ ကုလားပဲနဲ့ ပဲစင်းငုံများအနက် မတ်ပဲမှာ ယခင်တစ်ပတ်နဲ့ ဈေးနှုန်းတူပြီး ဈေးငြိမ်လျက်ရှိနေပေမဲ့ ကုလားပဲဖြူကြီးနဲ့ ကုလားပဲထိုင်ဝမ်မှာ ယခင်အပတ်ဈေးအောက် ရောက်ပြီး ဈေးအေးနေပါတယ်။ ပဲစင်းငုံများမှာ ယခင်အပတ် ဈေးနှုန်းရဲ့အထက်မှာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါ တယ်။ ယခုတစ်ပတ်မှာ  မတ်ပဲ တစ်ပိဿာ ၁၉၃၃ ကျပ် (တစ်တန် ၁၁၈၃၇၅၀ ကျပ်) နဲ့ နေ့စဉ် သုံးတင်းအိတ် ၈၀၀ ခန့် ကုလားပဲဖြူကြီး တစ်ပိဿာ ၁၁၄၄ ကျပ် (တစ်တန် ၇၀၀၅၇၄ ကျပ်)၊ ကုလားပဲထိုင်ဝမ် တစ်ပိဿာ ၁၁၃၈ ကျပ် (တစ်တန် ၆၉၆၉၀၀ ကျပ်)နဲ့ ကုလားပဲ နှစ်မျိုးပေါင်း သုံးတင်းအိတ် ၂၀၀၀ ခန့်၊ ပဲစင်းငုံနီ တစ်ပိဿာ ၁၉၁၇ ကျပ် (တစ်တန် ၁၁၇၃၉၅၂ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်သလို ပဲစင်းငုံရွှေ (အဖြူ) သည်လည်း ပဲစင်းငုံနီဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ယခုတစ်ပတ်မှာ ပဲစင်းငုံ နှစ်မျိုးပေါင်း သုံးတင်း အိတ် ၁၅၀၀ ကျော် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရပါ တယ်။
ဒေသတွင်းအစာစပ်လုပ်ငန်း၊  အချိုရည်နဲ့ အဖျော်ယမကာလုပ် ငန်းများမှ ပြောင်းဖူးစေ့များကို  ဝယ်ယူသိုလှောင်မှုရှိသလို တရုတ် ဝယ်လက်မှလည်း ဝယ်ယူမှုရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ ပြောင်းဖူးစေ့ (ဗမာ) တစ်ပိဿာ ၄၀၇ ကျပ်(တစ်တန် ၂၄၉၂၄၃ ကျပ်)၊ ပြောင်းဖူးစေ့ (စီပီ) တစ်ပိဿာ ၄၅၄ ကျပ် (တစ်တန် ၂၇၈၀၂၅ ကျပ်)နဲ့ ပြောင်းဖူးစေ့ နှစ်မျိုးပေါင်းနေ့စဉ်သုံးတင်းအိတ် ၂၈၀၀ ကျော် အရောင်းအဝယ်ဖြစ်ပြီး အထွက်တိုးပြောင်း တစ်ပိဿာ ၅၀၀ ကျပ် (တစ်တန် ၃၀၆၁၉၅ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၄၀၀ ခန့်၊ ဆန် ပြောင်း တစ်ပိဿာ ၄၅၆ ကျပ်(တစ်တန် ၂၇၉၂၅၀ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၃၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။
ဆီထွက်သီးနှံများဖြစ်တဲ့ နှမ်းမျိုးစုံနဲ့ မြေပဲကို ဒေသတွင်း ပြည် တွင်းသာမက ပြည်ပ (တရုတ်) ဝယ်လက်များမှ ပုံမှန်ဝယ်ယူလျက် ရှိပါတယ်။ ယခုတစ်ပတ်မှာ နှမ်းဖြူ တစ်ပိဿာ ၂၃၇၈ ကျပ် (တစ် တန် ၁၄၅၆၂၆၃ ကျပ်)၊ နှမ်းညို တစ်ပိဿာ ၂၀၆၇ ကျပ် (တစ်တန် ၁၂၆၅၈၁၀ ကျပ်)၊ နှမ်းနက် တစ်ပိဿာ ၂၅၅၆ ကျပ် (တစ်တန် ၁၅၆၅၂၆၉ ကျပ်)၊ နှမ်းနက် (စမုံ) တစ်ပိဿာ ၄၆၆၇ ကျပ် (တစ်တန် ၂၈၅၈၀၂၄ ကျပ်)နဲ့ အထက်ပါ နှမ်း လေးမျိုးပေါင်း နေ့စဉ် သုံးတင်း အိတ် ၈၀၀ ခန့်  အရောင်းအဝယ်ဖြစ်ပြီး ပန်းနှမ်းမှာ တစ်ပိဿာ ၂၀၀၀ ကျပ် (တစ်တန် ၁၂၂၄၇၈၀ ကျပ်)နဲ့ နေ့စဉ်သုံးတင်းအိတ် ၄၀၀ ကျော်အရောင်းအဝယ်ဖြစ်ပါတယ်။ မြေပဲဆန် ှ ၁  တစ်ပိဿာ ၂၇၀၀ ကျပ် (တစ်တန် ၁၆၅၃၄၅၃ ကျပ်)နဲ့ ယခုအပတ်မှာ အရောင်း အဝယ်ဖြစ်လို့ ယခင်တစ်ပတ်ဈေးထက် တစ်ပိဿာ ၁၂၅ ကျပ် (တစ်တန် ၇၆၅၄၉ ကျပ်) ဈေးမာပြီး နေ့စဉ် သုံးတင်းအိတ် ၁၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။
ပြည်ပ (တရုတ်) ကို တိုက်ရိုက်တင်ပို့တဲ့ပဲများအနက် ပဲတီစိမ်း မှာ အရောင်းအဝယ်အသွက်လက်ဆုံးဖြစ်သလို သူတို့ (တရုတ်ဝယ် လက်) ကလည်း ပုံမှန်ဝယ်ယူမှုရှိကြောင်း၊ ယခင်တစ်ပတ်ဈေးအောက် ကို ရောက်ပေမယ့်  သင့်တင့်တဲ့ ဈေးနှုန်းဖြစ်တာကြောင့် အရောင်း အဝယ်နှေးကွေးမှုမရှိကြောင်း၊ ဆီထွက်သီးနှံဖြစ်တဲ့ နှမ်းများ စပ်ကူး မတ်ကူး ကာလဖြစ်လို့ မြင်းခြံဘက်မှ အဝင်ရှိပေမဲ့ နည်းပါးနေသေး ကြောင်း၊ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ်သွက်လက်နေတာက ပန်း နှမ်းဖြစ်ကြောင်း၊ ဒေသတွင်း ဆီစက်နဲ့ ရန်ကုန်ဝယ်လက်မှ ဝယ်ယူမှု ရှိကြောင်း၊ ပန်းနှမ်းဈေးက တစ်လထက်တစ်လဈေးမြင့်လာကြောင်း၊ ထို့အတူ မြေပဲဆန်မှာလည်း တစ်ရိပ်ရိပ်ဈေးတက်လာကြောင်း၊ ဈေး တက်လာပေမယ့် အရောင်းအဝယ်လျော့ကျမှုမရှိဘဲ မြန်ဆန်သွက် လက်လျက်ရှိကြောင်း၊ ပြောင်းဖူးစေ့များ ဈေးငြိမ်ပြီး အရောင်းအဝယ် ပမာဏများလာကြောင်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ နှမ်းရောင်စုံ၊ ပြောင်းဖူးစေ့များနဲ့ မြေပဲဆန်များရဲ့ ဈေးနှုန်းများ ကျဆင်းဖွယ်မရှိ ကြောင်း၊ ပြည်တွင်းရောပြည်ပမှာပါ ဈေးကွက်ခိုင်မာနေသောကြောင့် ဖြစ်ကြောင်း၊ ပွဲစား၊ ကုန်သည် လှောင်လက်ကြီးတစ်ဦးမှ ပြောကြား ကြောင်း သိရပါတယ်။
မန္တလေးမြို့မှာ မေလ ၁၆ ရက်နေ့မှစတင်ပြီး မိုးများအဆက် မပြတ် ရွာသွန်းနေပေမယ့် အေးနေတဲ့ မိုးနဲ့အတူ ပဲ၊ ပြောင်း၊ နှမ်းများ ဈေးအေးပြီး အရောင်းအဝယ်အေးနိုင်တယ်လို့ ထင်ရပေမဲ့ ပဲတစ်မျိုး နှစ်မျိုးသာ ဈေးအေးပြီး ကျန်ပဲမျိုးစုံမှာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက် ရှိပါကြောင်း-----။                                               
 စိုးအောင်-မန္တလေး