Main menu

Background

ဒီဇင်ဘာ တတိယပတ်အတွင်း ပဲတန်ချိန် နှစ်သောင်းကျော်တင်ပို့

Mon, 01/01/2024 - 11:57 -- journal_editor

ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ မတ်ပဲ တန်ချိန် ၁၃၉၉၀ ကျော်၊ ပဲတီစိမ်း တန်ချိန် ၆၅၄၀ ကျော်၊ ပဲစင်းငုံတန်ချိန် ၆၃၀ ကျော် စုစုပေါင်း တန်ချိန် ၂၁၁၆၀ ကျော် တင်ပို့ခဲ့သည်။
မတ်ပဲ
ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၄၃၅ သန်း တန်ဖိုးရှိ မတ်ပဲတန်ချိန် ၁၃၉၉၀ ကျော်တင်ပို့မှုတွင် အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၀၁၄၀ ကျော်၊ ပါကစ္စတန်နိုင်ငံသို့ တန်ချိန် ၂၂၇၀ ကျော်၊ စင်ကာပူ နိုင်ငံသို့ တန်ချိန် ၄၆၀ နီးပါး၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၂၈၀ ခန့်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၂၀ဝ နှင့် ဂျပန်နိုင်ငံ၊ အီးယူ နိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။
ပဲတီစိမ်း
ပဲတီစိမ်းတင်ပို့မှုမှာ တန်ဖိုး  အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၃၈ သန်းဖိုးနှင့် တန်ချိန် ၆၅၄၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့ခဲ့သည့် နိုင်ငံများမှာ တရုတ်နိုင်ငံသို့ ၂၇၄၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၁၅၀ဝ၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၄၁၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၄၇၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၂၀ဝ နီးပါးနှင့် စင်ကာပူနိုင်ငံ၊ အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ 
ပဲစင်းငုံ 
ပဲစင်းငုံတင်ပို့မှုမှာ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၇၀ဝ သန်းဖိုးနှင့် တန်ချိန် ၆၃၀ ကျော် တင်ပို့ခဲ့သည်။ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၆၀ဝ ကျော် အများဆုံးတင်ပို့ပြီး ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံ များတို့သို့လည်း တင်ပို့ခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄၇၂ သန်းဖိုးနှင့်  ပဲမျိုးစုံတန်ချိန် ၂၁၁၆၀ ကျော် တင်ပို့ခဲ့ကြောင်း သိရှိရသည်။
CJ