Main menu

Background

အိန္ဒိယ ဝယ်လိုအားကြောင့် ပဲစင်းငုံဈေး မြင့်တက်လာ

Mon, 06/03/2024 - 12:29 -- journal_editor

အိန္ဒိယနိုင်ငံ၏ ပဲဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ပြည် တွင်းတွင် ပဲစင်းငုံဈေးနှုန်းများ မြင့်တက်လာကြောင်း ကုန်စည်ဒိုင် များတွင် ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။
ပြီးခဲ့သည့်အပတ်က ပဲစင်းငုံ( ျွနိ။ ျွဃ) တစ်တန်လျှင် ငွေကျပ် ၄၂၂၅၀ဝ၀ ရှိရာမှ လက်ရှိ ရန်ကုန်ဈေးကွက်အတွင်း ပဲစင်းငုံ တစ် တန်လျှင် ကျပ် ၄၄ သိန်းအထက်သို့ ရောက်ရှိလာကြောင်း သိရသည်။
လက်ရှိ ဈေးကွက်အတွင်း၌ ပဲစင်းငုံလက်ကျန်  နည်းနေပြီး တောင်သူများလက်ထဲတွင် ပဲစင်းငုံများမရှိတော့ဘဲ လှောင်လက် ကုန်သည်များ၏ လက်ထဲတွင်သာ ပဲစင်းငုံ ကျန်ရှိနေခြင်းဖြစ်ကြောင်း  သိရသည်။  
]]တောင်သူတွေကတော့ လှောင်မထားနိုင်တော့ ရတဲ့ဈေးနဲ့ပဲ ထုတ်ရောင်းပစ်ကြတာပေါ့။ ဈေးကောင်းရအောင် လှောင်နိုင်တဲ့ တောင်သူကလည်း ခပ်ရှားရှားပဲလေ။ အခုတော့ လှောင်လက် ကုန် သည်တွေက အကျိုးအမြတ်ရနေတာပေါ့}}ဟု ပဲကုန်သည်တစ်ဦးက ဆိုသည်။  
မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်အဖြစ် အိန္ဒိယနိုင်ငံသို့ တင်ပို့သည့် မတ်ပဲဈေးနှုန်းမှာမှု လတ်တလောတွင် အနည်းငယ် ပြန်အေးသွား သော်လည်း တစ်တန်လျှင် ကျပ် ၃၂ သိန်းအထက် အမြင့်ဈေးတွင် ဆက်ရှိနေကြောင်း သိရသည်။ 

 

ကိုတိုး