Main menu

Background

မြန်မာ့ ဝဥခြောက်ရဲ့ ပြည်ပဈေးကွက်အလားအလာကောင်းများ

Mon, 03/08/2010 - 07:08 -- Anonymous (not verified)

မြန်မာ့ရေကြောင်းသဘာဝအရ မြန်မာနိုင်ငံအနှံ့အပြားမှာ အလေ့အကျ ပေါက်နေကြတဲ့ သဘာဝသစ်ဥသစ်ဖု ဖြစ်တဲ့ "ဝဥ" က အခုတော့ ပြည်ပနိုင်ငံ ခြားငွေ ရရှိစေတဲ့ ပြည်ပပို့ကုန်အဖြစ် လူသိများလာပါပြီ။"ဝဥ" ကို ဘာကြောင့်လူသိများလာတာလဲ "ဝဥ"ကို လူသိများလာတဲ့ အကြောင်း အရင်းကို လေ့လာတဲ့အခါ "ဝဥ"က ဆေးဖက်ဝင်သစ်ဥ သစ်ဖုဖြစ်သလို စား သောက်ကုန်အမျိုးမျိုးကိုလဲ ထုတ်လုပ် စားသုံးနိုင်တဲ့အတွက် ဂျပန်နိုင်ငံအပါ အဝင် နိုင်ငံများမှ ကြိုက်နှစ်သက်စွာ အသုံးပြုကြကြောင်း သိရပါတယ်။ဆေးဖက်ဝင်တဲ့ "ဝဥ" "ဝဥ"ရဲ့ ဆေးဖက်ဝင်ပုံကို လေ့လာ ကြည့်တော့ "Glucomannan" ဆိုတဲ့ ဓါတ်ပါဝင်မှုဟာ "ဝဥ" တစ်မျိုးတည်းမှာ သာရှိပြီး ဒီဓါတ်က ကယ်လိုရီ (Calorice) အလွန်နည်းတဲ့အတွက် ဝဖြိုးမှုကို တားဆီးနိုင်ကြောင်း၊ ရေမှာပျော်ဝင်မှု များပြီး ဖောင်းပွအားမြင့်မားတဲ့အတွက် စားသုံးသူကို ဆာလောင်မှုပြေပျောက် စေပြီး တင်းတိမ်မှုကို ပေးစွမ်းနိုင်ကြောင်း၊ ဒါကြောင့် အဆာခံနိုင်ပြီး နောက်ဆက် တွဲအနေနဲ့ ခန္ဓာကိုယ်သွယ်လျချပ်ရပ် စေကြောင်းစတဲ့ အစွမ်းအာနိသင်တွေ ကို သိရပါတယ်။ ဒါ့ပြင် "ဝဥ" မှာ အမျှင် ဓါတ်<ကယ်ဝတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းကို သန့်ရှင်းစေတယ်။ ဒီအမျှင်ဓါတ်တွေက အဆိပ်အတောက် တွေကို စုပ်ယူဖယ်ရှားပေးတဲ့အတွက် ကင်ဆာရောဂါ အထူးသဖြင့်အစာအိမ် နဲ့ အူလမ်းကြောင်းကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့လည်း သိရပါ တယ်။ ပြီးတော့သွေးထဲမှာ ပိုလျှံနေတဲ့ ကိုလက်စထရော (Colestrol) ကို စုပ် ယူဖယ်ရှားပေးတဲ့ရလဒ်ကြောင့် နှလုံး ရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊ ပိုလျှံ တဲ့ သကြားဓါတ်တွေကို စုပ်ယူဖယ်ရှား ပေးတဲ့အတွက် ဆီးချို၊ သွေးချိုရောဂါ တွေကို ကာကွယ်ပေးနိုင်ခြင်းစတဲ့ အစွမ်းတွေကိုလည်း လေ့လာသိရှိရပါ တယ်။ ဒီလိုဂုဏ်သတ္တိထူးတွေ ပြည့်စုံ <ကယ်ဝပြီး လူသားတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို အထောက်အကူပြုနေတဲ့ သဘာဝသစ် ဥသစ်ဖုဖြစ်တာကြောင့် "ဝဥ"ကို လူ ကြိုက်များနေကြတာဖြစ်ကြောင်းပါ။စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်တဲ့ "ဝဥ" "ဝဥ" ကနေ စားသောက်ကုန်အမျိုး မျိုးထုတ်လုပ်စားသုံးကြတာကို လေ့လာ ကြည့်ရာ"ဝဥ"က ဂျပန်လူမျိုးရဲ့ အမျိုး သားအစားအစာဖြစ်ပြီး"ဝဥ"ကထုတ် လုပ်တဲ့ စားသောက်ကုန်အမျိုးမျိုးကို နှစ်သက်စားသုံးကြတယ်လို့ သိရပါ တယ်။ "ဝဥ"ကနေ ခေါက်ဆွဲ၊ ကြာဇံ၊ အသားတု၊ စွပ်ပြုတ်စတဲ့ စားသောက် ဖွယ်ရာတွေ ပြုလုပ်တဲ့အပြင် အာလူး ကို ဟင်းချက်စားလို့တစ်မျိုး၊ တို့ဟူးလုပ် ပြီးသုပ်စား၊ ချက်စားလို့တဖုံ စုံလင်စွာ စားသောက်ကြပါတယ်တဲ့။ ဒါ့အပြင် အချိုပွဲအနေနဲ့ "ဝဥ"နဲ့လုပ်တဲ့ ဂျယ်လီ၊ ကျောက်ကျော၊ ပူတင်း၊ တော်ဖီနဲ့ သကြားလုံးတွေကို လည်း နှစ်ခြိုက်စွာ စားသုံးကြပါတယ်တဲ့။ ဂျပန်မှာ တစ်နှစ် ကို "ဝဥ" စားသုံးမှုတန်ချိန် ၅၀၀၀ ခန့်ရှိ တယ်လို့ သိရတဲ့အတွက် "ဝဥ"ရဲ့ပို့ကုန် ဈေးကွက်က အခိုင်အမာရှိနေတာ သေ ချာပါ တယ်။မြန်မာ့ဝဥခြောက်တင်ပို့မှုအခြေအနေ မြန်မာ့ဝဥခြောက်ကို ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့နေပြီး၊ စင်ကာပူနိုင်ငံ သို့ ဒုတိယနဲ့ မလေးရှားနိုင်ငံသို့ တတိယ အများဆုံးတင်ပို့လျက်ရှိပါတယ်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာ ပုံမှန်ကုန် သွယ်မှုလမ်းကြောင်းမှ "ဝဥခြောက" တန် ချိန် ၂၃၀ ကျော်၊ အမေရိကန်ဒေါ်လာ ၂ သန်းခွဲကျော်ဖိုး တင်ပို့ခဲ့ပြီး နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ တန်ချိန် ၃၀၀၀ ခန့်၊ ကန်ဒေါ်လာ ၄ သန်းကျော် ဖိုးတင်ပို့ခဲ့ကြောင်း လေ့လာသိရှိရပါ တယ်။ ၂၀၀၉-၂၀၁၀ ဇန်နဝါရီလအထိ ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ "ဝဥ ခြောက်" တန်ချိန် ၃၃၆ တန်ကျော်၊ ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းကျော် ဖိုး တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်မှုလမ်း ကြောင်းမှ တန်ချိန် ၂၀၀ ကျော်၊ ကန် ဒေါ်လာ ၂ သန်းခွဲဖိုးခန့် တင်ပို့တယ်လို့ သိရှိရပါတယ်။ ဂျပန်နိုင်ငံကို အများဆုံး တင်ပို့ခဲ့တာပါ။ "ဝဥခြောက်"ဈေးနှုန်း အနေနဲ့ ၂၀၀၄-၂၀၀၅ ခုနှစ်က တစ်တန်ကို ကန်ဒေါ်လာ ၈၀၀ ခန့်သာ ရှိခဲ့ရာက ယခုဆိုရင် ဈေးကောင်းပိုမိုရရှိ လာပြီး တစ်တန်ကို ကန်ဒေါ်လာ ၂၅၀၀ ခန့်ရရှိနေတဲ့ အတွက် အကျိုး အမြတ်ရရှိမယ့် ပို့ုကုန်အမယ်ဖြစ်လာပါ ပြီ။ "ဝဥ"ရဲ့ အကျိုးအာနိသင်ကို သိရှိ အသုံးပြုသူများလာတဲ့အတွက် ဂျပန် နိုင်ငံသာမက၊ ကိုရီးယား၊ ထိုင်ဝမ်၊ ကနေဒါနဲ့ ဥရောပ နိုင်ငံများသို့ "ဝဥ" ဈေးကွက်တိုးချဲ့တင်ပို့နိုင်ဖို့ အလား အလာကောင်းတွေရှိလာပါပြီ။မြန်မာ့"ဝဥ"နဲ့ GSP အခွင့်အရေး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ သီရိလင်္ကာနိုင်ငံများရဲ့"ဝဥ"တင်ပို့မှုကို ဂျပန်နိုင်ငံက မက်ထရစ်တန် ၂၄၀ ခွဲ တမ်းပေါ်မှာ အခွန်ကင်းလွတ်ခွင့် (GSP) အခွင့်အရေးပေးထားကြောင်းနဲ့ ခွဲတမ်းကျော်ရင်တော့ တစ်ကီလိုဂရမ်ကို အမေရိကန် ၂၉ ဒေါ်လာ အခွန်ကောက် ခံတယ်ဆိုတာ သိရပါတယ်။ နိုင်ငံ ၄ နိုင်ငံအနက် မြန်မာနိုင်ငံက "ဝဥ"အများ ဆုံးထွက်ပြီး ကျန်သုံးနိုင်က မထွက် သလောက်ဆိုတာကိုလဲ သိရတဲ့အတွက် GSP အခွင့်အလမ်းကို မြန်မာတို့ မိမိရရ ဖမ်းဆုတ်ရယူနိုင်ဖို့လိုပါတယ်။ မြန်မာ  နိုင်ငံအနေနဲ့ သတ်မှတ်ခွဲတမ်းအတွင်း တင်ပို့နိုင်ရင် GSP အခွင့်အလမ်း အပြည့်အဝရရှိမှာပါ။ ဒါနဲ့စပ်လျဉ်းပြီး မြန်မာတိုင်းရင်း သားလုပ်ငန်းရှင်တို့ ကြိုးစားဆောင်ရွက် နေကြတဲ့ သတင်းများ ကိုလဲ အားတက် ဖွယ်ကြားသိရပါပြီ။ မြန်မာ့သဘာ၀ အလေ့ကျ "ဝဥ"ထွက်ရှိမှုက ဈေးကွက် လိုအပ်မှုအနေအထားအရ လုံလောက် မှုမရှိသေးတဲ့အတွက် "ဝဥ" စိုက်ပျိုးရေးခြံ တွေ စတင်စိုက်ပျိုးနေကြတဲ့သတင်း၊"ဝဥ" ကိုအပါးလွှာ၊ အခြောက်ခံ၊ အမှုန့် ကြိတ် စားသုံးနိုင်တဲ့ အဆင့်ရောက် သည်အထိ စက်ကိရိယာများနဲ့လည် ပတ်ဖို့ စတင်ဆောင်ရွက်နေကြတဲ့ သတင်းများကို ကြားသိနေပါပြီ။ သတိထားသင့်တာက အိမ်နီးချင်း နိုင်ငံရဲ့ "ဝဥ"က မြန်မာတို့ထက်စောပြီး ခူးဆွတ်နိုင်တယ်။ မြန်မာတို့ရဲ့"ဝဥ"က စက်တင်ဘာလကျော်ကျော်မှ ထွက်ရှိ တယ်။ ဂျပန်နိုင်ငံက တင်ဒါဖွင့်တာက မတ်လအလယ်ဆိုတော့ အချိန်ကိုက်ညီ မှုမရှိဘဲဖြစ်နေတဲ့အပေါ် နည်းလမ်းရှာ ဖွေ၊ စိုက်ပျိုးထုတ်လုပ်သင့်ပါတယ်။ ဒါ့ အပြင် "Glucomannan"ဓါတ်ပါဝင်မှု ၅၀ ရာခိုင်နှုန်းကျော်ရင် "ဝဥ"အမျိုး အစားကောင်းအဖြစ် စံချိန်စံညွှန်းသတ် မှတ်ချက်အရ အရည်အသွေးကောင်း အဆင့်မီတဲ့ "ဝဥခြောက်"များရရှိပြီး ရောင်းတန်းဝင်ဈေးကောင်းရရှိဖို့ နည်း ပညာပိုင်းဆိုင်ရာ လေ့လာမှု၊ စက်ကိရိ ယာအရည်အသွေးများမြှင့်တင်ဖို့ လို အပ်ပါတယ်။ ဆက်လက်ပြီး Value Added Product များအနေနဲ့ ထုတ် လုပ်ဖို့ ကြိုးစားသင့်ပါတယ်။ ဒါမှ မြန်မာ့ "ဝဥ"များ ပြည်ပဈေးကွက်ပိုမိုတိုးချဲ့ထိုး ဖောက်တင်ပို့ပြီး ွှဏ အခွင့်အရေး အပြည့်အဝရရှိမှာဖြစ်တဲ့အတွက် အား ထုတ်ဆောင်ရွက်ကြပါစို့လို့ မြန်မာတိုင်း ရင်းသားလုပ်ငန်းရှင်များသို့ တိုက်တွန်း လိုက်ပါတယ်။ဒေါက်တာခင်ဦးမေ