Main menu

Background

မြိတ်ရော်ဘာဈေးကွက် အတက်အကျနဲ့ အရောင်းအဝယ်အေးလာ

Wed, 02/03/2010 - 07:41 -- Anonymous (not verified)

    မြိတ်ရော်ဘာ ဈေးကွက်မှာ ဇန်နဝါရီလဆန်းကစပြီး ဈေးမြင့်လာတဲ့ ရော်ဘာဈေးဟာ ဇန်နဝါရီတတိယပတ်အထိ RSS-3 တစ်ပိဿာ ၄၃ဝဝ ကျပ် တစ်ပေါင် ၁၁၉၄ ကျပ် ၊ RSS-5 တစ်ပိဿာ ၄၁ဝဝ ကျပ် တစ်ပေါင် ၁၁၃၉ ကျပ်ကို မြင့်တက်ခဲ့ပြီး ပြည်ပ ရော်ဘာဈေးနှုန်း အတက်အကျများကြောင့် ဇန်နဝါရီ နောက်ဆုံးပတ်မှာ RSS-3  တစ်ပိဿာ ၄ဝဝဝ ကျပ် တစ်ပေါင် ၁၁၁၁ ကျပ်၊ RSS-5 တစ် ပိဿာ ၃၈ဝဝ ကျပ် တစ်ပေါင် ၁ဝ၅၅ ကျပ် ဈေးအေးလာကာ ရော်ဘာဒိုင် အခိုျ့လည်း အဝယ်အေးနေတယ်လို့ သိရပါ တယ်။ မြိတ်ဒေသအနေနဲ့ အစေး ခြစ်ကာလအစမှ ဇန်နဝါရီလ နောက်ဆုံးပတ်အထိ ကုန်ချိန်တန် ၈ဝဝ အရောင်းအဝယ်ဖြစ်ပြီး တန် ၄၇ဝ ကို ထပ်ဆင့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                                  ဝင်းစိန်