Main menu

Background

မြေပဲ

Thu, 02/18/2010 - 03:17 -- Anonymous (not verified)

ဆောင်းမြေပဲများ ပုံမှန်ဝင်ထွက်နေတဲ့ ပြည်ဈေးကွက်     ဆောင်းမြေပဲဆံများ ပြည်ဈေးကွက်ကိုဝင်ရောက်မှုအနေနဲ့ ဇန်နဝါရီ တစ်လ လုံး မကွေးတိုင်းမှ မြေပဲဆံအိတ်ပေါင်း ၄၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ပထမ ၁၀ ရက်မှာတော့ မြေပဲဆံအိတ် ၁၅၅၀ ဝင်ရောက်ခဲ့ပါတယ်။ ပြန်လည် စီးဆင်းမှုအနေနဲ့ ရန်ကုန် တိုင်းသို့ ဇန်နဝါရီတစ်လလုံးမှာ မြေပဲဆံအိတ် ၃၆၀၀ စီးဆင်းပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ ၁၀၀၀ ကျော် စီးဆင်းခဲ့ပါတယ်။ ဈေးနှုန်း အနေနဲ့ ယခင်လအတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။မန္တလေးမှာ ဈေးမြင့်ပြီး ပခုက္ကူမှာ ဈေးငြိမ်     မန္တလေးဈေးကွက်ကို တိုင်းတွင်းမြို့နယ်များ၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှ မြေပဲဆီဆံအဝင်လှိုင်သော်လည်း ဈေးအနည်း ငယ်မြင့်လာပါတယ်။ ဝင်ရောက်လာ တဲ့ ဆီဆံတွေထဲမှာ ကျောက်ဆည်ဆီဆံကတော့ ဈေးအရဆုံးဖြစ်ပါတယ်။ ပခုက္ကူ ဈေးကွက်ကို ယောမြေပဲဝင်တဲ့ရာဦကုန်ချိန်နီးပြီဖြစ်ပေမယ့် မြေပဲဆံကတော့ ဈေး ကွက်ရော ဈေးနှုန်းပါအေးနေပါတယ်။ ဈေးကွက်အသီးသီးက မြေပဲဆံဈေးတွေ ကို ဖော်ပြလိုက်ပါတယ်-                       မန္တလေး            မကွေး        ပြည်    ၅ .၂ .၁၀      ၁၅၂၅-၁၅၅၀     ၁၄၇၅-၁၅၀၀    ၁၅၀၀    ၁၁ .၂ .၁၀    ၁၅၅၀-၁၅၉၀    ၁၄၅၀-၁၄၇၅    ၁၅၀၀