Main menu

Background

မြေပဲစမ်းသပ်ကိရိယာ

Wed, 02/24/2010 - 09:58 -- Anonymous (not verified)

    မြေပဲများ၏သိပ်သည်းခြင်းနှင့် အစိုဓာတ်ကို လွယ်ကူလျင်မြန်စွာ ခွဲခြားသိရှိနိုင်သည့် micro wave meter တစ်မျိုးကို အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာန (USDA)က ဖြစ်ထွန်းစေခဲ့ရာ အကျိုးကျေးဇူးများဖြစ်စေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။

 ဤကိရိယာသစ်သည် မြေပဲနှင့်မြေပဲမှတစ်ဆင့်ထုတ်သည့် အစားအစာထုတ်လုပ်သူများအတွက် အရေးပါသော အရည်အသွေးကို ညွှန်ပြကာတစ်ခဏအတွင်း အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း၊ USDA ၏ စိုက်ပျိုးရေးသုတေသနလုပ်ငန်း ဌာန ARS က ပြောကြားခဲ့ပါတယ်။ ယင်းကိရိယာ သည် သိပ်သည်းခြင်းနှင့်အစိုဓာတ်ကို သီးခြားလွတ်လပ်စွာ တိုင်းတာနိုင် မည်ဖြစ်ပါတယ်။ အစိုဓာတ်ကို တိကျစွာတိုင်းတာပေးနိုင်ရန် ရေဒီယိုလှိုင်းတုန်နှုန်းများကို အသုံးပြုထားသည့် ကိရိယာမှ နည်း ပညာကို ပိုမိုတိုးတက်စေအောင် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

    မြေပဲဆံများ၏ အစိုဓာတ်ပါဝင်မှုမှာ ၁၀.၅% ထက် နည်းရမည်ဖြစ်ပြီး၊ မြေပဲအရည်အသွေးကို အဆုံးအဖြတ်ပေးရာတွင် အစိုဓာတ်သည် အရေးပါသောအကြောင်းအချက် တစ်ခု ဖြစ်ပါတယ်။ အစိုဓာတ်များနေခြင်းသည် မှိုကျရောက်ကြီးထွားမှုကို ဖြစ်စေနိုင်ကြောင်း၊ ယင်းမှ အာဖလာတော့ဆင် မှိုဆိပ် ထုတ်လုပ်ကြောင်း ARS က ထုတ်ပြန်ပြောဆိုထားပါတယ်။ ယခု ကိရိယာသစ်သည် မြေပဲဆံများ၏ အစိုဓာတ်ပါဝင်မှုကို တိုင်းတာ ဖော်ပြရာ၌ အတိမ်းအစောင်း ၀ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိစေမှာဖြစ်ကြောင်း၊ နည်းစနစ်မှာ လျင်မြန်စွာဖြင့် မြေပဲတောင့်များကို ခွာရန်မလိုဘဲ ထိခိုက်ပျက်စီးမှုမရှိ တိုင်းတာပေးမှာ ဖြစ်ကြောင်း ကိရိယာတီထွင်သူများက ပြောကြားခဲ့ပါတယ်။ နမူနာထည့်သည့် ခွက်အတွင်းသို့ မြေပဲတောင့်များကို တိုက်ရိုက်ထည့်ထားကာ ကိရိယာရှိစက်မှ အင်အားနည်းသော အသံလှိုင်းတိုများကို မြေပဲတောင့်များထဲသို့ ထုတ်လွှတ်ကာ တိုင်းတာကြောင်း၊ ယင်းအသံလှိုင်းသည် အတောင့်များထဲသို့ ဖြတ်သန်းပြီး နောက်စက်တစ်ခု ကလက်ခံရယူကာ အတောင့်၏ အစိုဓာတ်နှင့် အပုံလိုက်သိပ်သည်းခြင်းတို့ကို ကွန်ပျူတာမှ ဖော်ထုတ်ပေးမှာဖြစ်ပါတယ်။ မြေပဲတောင့်မများထဲသို့ လှိုင်းများဖြတ် သန်းသွားစဉ် လှိုင်း၏အမြန်နှုန်းနှင့် စွမ်းအင်ပြောင်းလဲမှုများကို တိုင်းတာကာ ကွန်ပျူတာမှ ထုတ်ပေးခြင်းဖြစ်ပါတယ်။

    အစိုဓာတ်ပါဝင်မှု တိုင်းတာရာတွင် အများအပြားတွက်ချက်မှုများနှင့် သိပ်သည်းခြင်းနှင့် အပူချိန် တို့အတွက် အလျော်အစား ပြုလုပ်ရမှုများကို ဤနည်းပညာသစ်အရ ပြုလုပ်စရာမလိုကြောင်းသိရှိရပါတယ်။ အမေရိကန်ပြည်ထောင်စုတွင် လူရှစ်ဦးသေဆုံးပြီး ရာပေါင်းများစွာ နာမကျန်းဖြစ်မှုများနှင့် ဆက်နွယ်လျက်ရှိသည့် အမေရိကမြေပဲဆိုင်ရာ ကော်ပိုရေးရှင်းမှ မြေပဲများ၌ ဘေး အန္တရာယ်ဖြစ်စေမှုကိစ္စရပ်များ ဖြစ်ပွားပြီးနောက် ပြုပြင်ထုတ်လုပ်ထားသော မြေပဲများ၏အရည် အသွေးမှာ နိုင်ငံ၏ ထိပ်ပိုင်းရေးရာကိစ္စတစ်ရပ် ဖြစ်ကြောင်းသိရှိရပါတယ်။ ဤကိရိယာသည် ယာယီမူပိုင်ခွင့်ရရှိထားပြီး အမေရိကန် ပြည်ထောင်စု တောင်ပိုင်း ပြည်နယ်များရှိ မြေပဲဌာနငါးခုတွင် ယခုအခါ စမ်းသပ်အသုံးပြုလျက်ရှိကြောင်း သိရှိရပါ တယ်။