Main menu

Background

မြန်မာ့ရေထွက်ကုန်လုပ်ငန်းကဏ္ဍတွင် ဒတ်ချ်စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံတော့မည်

Wed, 02/18/2015 - 20:53 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

      ရေချို၊ ရေငန်နဲ့ ငါးမွေးမြူရေး လုပ်ငန်းတို့မှ ဖမ်းဆီးရမိတဲ့ ငါးပုစွန် များကို ဝန်ကြီးဌာန ဦးဆောင်စီမံမှုနဲ့ ဈေးကွက်ဝင် စံချိန်စံညွှန်းများနဲ့ ကိုက် ညီတဲ့ ငါးပုစွန်များကို တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ကူဝိတ်၊ မလေးရှား၊ ဆော်ဒီ အာရေဗျ၊ ဂျပန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဗြိတိန် နိုင်ငံတို့သို့ အများဆုံးတင်ပို့ လျက်ရှိ ပါတယ်။မွေးမြူရေး၊  ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာနရဲ့ ဦးဆောင်ကြီးကြပ်မှုနဲ့ ငါးပုစွန် များ ဖမ်းဆီးမွေးမြူပြီး ပြည်တွင်းစားသုံး မှုနဲ့ နိုင်ငံတကာဈေးကွက်သို့ စနစ် တကျတင်ပို့နိုင်ရေး ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း၊ ပင်လယ်ငါး ဖမ်းလုပ်ငန်းရှင်များအသင်း၊ ငါးပုစွန် အစာထုတ်လုပ်ရောင်းချ ရောင်းဝယ်သူ များ အသင်းနဲ့ ရေချိုငါးဖမ်းလုပ်ငန်းလုပ် ကိုင်သူများအသင်းတွေကို ဖွဲ့စည်းလုပ် ဆောင်လျက်ရှိပါတယ်။
      အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ ရေ ထွက်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ မှ နယ်သာလန်နိုင်ငံနဲ့ ပူးပေါင်းဆောင် ရွက်တော့မှာဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံမှ မြန်မာ့ ရေထွက်ကုန်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ ရန် စိတ်ပါဝင်စားကြတဲ့ ဒတ်ချ်ရေထွက်  ကုန်လုပ်ငန်းရှင်များ ကိုယ်စားလှယ် အဖွဲ့ဟာ ဇန်နဝါရီလအတွင်းက မြန်မာ နိုင်ငံကို လာရောက်ခဲ့ကြပြီး မွေးမြူရေး ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာနသို့ လုပ်ငန်းလုပ်ဆောင် ခွင့် အဆိုပြုလွှာကို လာရောက်လျှောက် ထားခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ရေထွက်ကုန် များနဲ့ ပတ်သက်လျှင် အလားအလာ ကောင်းများစွာရှိပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ ရေထွက်ကုန် ကဏ္ဍတွေကို လုပ်ဆောင်နိုင်တဲ့ အခွင့် အလမ်းများစွာ ရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ဈေးကွက်ဝင်အဆင့်အတန်း စံချိန်စံညွှန်းပြည့်မီရန်အတွက် လိုအပ် ချက်များရှိနေကြပြီး ပြည်ပသို့ ရေထွက် ကုန်တင်ပို့ရာမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။ နယ်သာလန် အဖွဲ့က တင်ပြထားတဲ့လုပ်ငန်းအဆိုပြုလွှာမှာ ငါးများ စတင်ဖမ်းဆီးသည်မှ အအေးခန်းမှာ သိုလှောင်တဲ့အဆင့်ထိ လုပ်ငန်းများလုပ်ဆောင်ရန် ကိစ္စရပ်များ ထည့်သွင်း ဖော်ပြထားတဲ့အပြင်  ပြည်ပ သို့ တင်ပို့မှုကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
     မြန်မာ့ငါးလုပ်ငန်းရှင်များက တော့ နိုင်ငံတကာအဖွဲ့အစည်းများကို ကြိုဆိုလိုသော်လည်း ဈေးကွက်ဝေစု နေရာကို ယူသွားမှာကိုတော့ စိုးရိမ်လျက် ရှိနေတယ်လို့ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင် ကမ်းရိုးတန်း မှ ဖမ်းဆီးရမိသော ငါးပုစွန်ထုတ်လုပ်မှု ဟာ အာဆီယံဒေသတွင်းမှာ အဆင့် ၄ နေရာမှာရှိပြီး ကမ္ဘာမှာ အဆင့် ၁၄ မှာ ရှိနေပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်မှာ ရေချိုငါးဖမ်းလုပ်ငန်းမှ အမေရိကန် ဒေါ်လာ ၁၂၁ သန်းရရှိရေး လျာထား ချက် ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကန်ဒေါ် လာ ၈၆ သန်းကျော်တန်ဖိုးရှိ ငါးပုစွန် တန်ချိန် ၇၉၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပါ တယ်။                

        တိမ်ကင်းစင်