Main menu

Background

မြန်မာ့ရေထွက်ပို့ကုန်မှ ယခုဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော်ရရှိ

Fri, 10/09/2020 - 14:03 -- journal_editor

မြန်မာနိုင်ငံ ရေထွက်ပို့ကုန်တင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန် ၆၆၉၆၈၅ ဒသမ ၂၉၁ ကို တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅၃ ဒသမ ၁၃၆ သန်းရရှိခဲ့ သည်။ ရေထွက်ကုန်တင်ပို့မှုပမာဏနှင့် တန်ဖိုးမှာ စံချိန်တင်အများဆုံး ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေထွက်ပို့ကုန် မက်ထရစ်တန် ၅၈၃၆၇၆ ဒသမ ၃၅၄ ကို တင်ပို့ နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၂၈ ဒသမ  ၂၅၇ သန်း ရရှိခဲ့သည်။ ယခင်ဘဏ္ဍာနှစ်ထက် မက်ထရစ် တန် ၈၆၀ဝ၈ ဒသမ  ၉၃၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၄ ဒသမ ၈၇၉ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်ပါသည်။        

မြန်မာနိုင်ငံ ရေထွက်ပို့ကုန်တင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန် ၆၆၉၆၈၅ ဒသမ ၂၉၁ ကို တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅၃ ဒသမ ၁၃၆ သန်းရရှိခဲ့ သည်။ ရေထွက်ကုန်တင်ပို့မှုပမာဏနှင့် တန်ဖိုးမှာ စံချိန်တင်အများဆုံး ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေထွက်ပို့ကုန် မက်ထရစ်တန် ၅၈၃၆၇၆ ဒသမ ၃၅၄ ကို တင်ပို့ နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၂၈ ဒသမ  ၂၅၇ သန်း ရရှိခဲ့သည်။ ယခင်ဘဏ္ဍာနှစ်ထက် မက်ထရစ် တန် ၈၆၀ဝ၈ ဒသမ  ၉၃၇ တန်ပိုမို တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၁၂၄ ဒသမ ၈၇၉ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်ပါသည်။

မြန်မာရေထွက်ကုန်များကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပါသည်။ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ အာဆီယံနိုင်ငံများ၊ ဘင်္ဂလားဒေ့ရှ်၊ အရှေ့အလယ် ပိုင်းနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ ဗြိတိန်၊ အမေရိကန်၊ ကနေဒါနှင့် သြစတေးလျဈေးကွက် များသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပါသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့နေခြင်း ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံဈေးကွက်သည် ဒုတိယအများဆုံး တင်ပို့နေသည့် ဈေးကွက်ဖြစ်ပါ သည်။

ငါးလုပ်ငန်းကဏ္ဍတွင် ရေချို၊ ရေငန်ဖမ်းဆီးရေးနှင့် ငါးပုစွန်မွေးမြူရေးလုပ်ငန်း (၃) ရပ်ဖြင့် ထုတ်လုပ်မှုများကို ဆောင်ရွက်လျက်ရှိသည်။ သဘာဝကိုအခြေခံသည့် ဖမ်းဆီးရေး လုပ်ငန်းများသည် ယုတ်လျော့လာသည့် သယံဇာတ အခြေအနေများကြောင့် တိုးမြှင့်ထုတ်လုပ် မှုထက် ထိန်းသိမ်းကာကွယ်သည့် နည်းလမ်းများဖြင့် ရေရှည်ထုတ်လုပ်နိုင်ရန် စနစ်တကျ ဆောင်ရွက်ရမည့် အခြေအနေသို့ ရောက်ရှိလျက်ရှိပါသည်။ နိုင်ငံပိုင်ကြွယ်ဝသည့် မြေနှင့် ရေ သယံဇာတများနှင့် မျှတသည့် ရာသီဥတုကို အသုံးပြုလျက် ရေချို၊ ရေငန်ငါးပုစွန် မွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး  ပန်းတနော်မြို့နယ်တွင် ခေတ်မီငါးတန် မွေးမြူရေးစီမံကိန်းကြီးတစ်ခု၊ ငွေဆောင်ဒေသတွင် ရေငန်ခေတ်မီပုစွန်မွေးမြူရေး စီမံကိန်း ကြီးတစ်ခုနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ခေတ်မီရေငန်ပုစွန် မွေးမြူရေး စီမံကိန်းကြီးသုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်၍ ငါးပုစွန်မွေးမြူရေးလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းများနှင့် နိုင်ငံခြားဝင်ငွေ များ များစွာတိုးမြှင့်ရရှိလာမည့် အလား =အလာကောင်း များ ဖြစ်ပေါ်လျက်ရှိသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သည် COVID-19 ကူးစက်မြန်ရောဂါ ကျရောက်သည့် နှစ်ဖြစ် သဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ တရုတ်နိုင်ငံတွင် ကူးစက်ရောဂါစတင်ဖြစ်ပွားစဉ်ကပင် မြန်မာ့ရေထွက်ကုန်များ ဈေးကွက်ကျဆင်းမှုကိုကြုံတွေ့ ခဲ့ရပြီး မြန်မာနိုင်ငံသို့ ကူးစက်ရောဂါ ကျရောက်လာသည့်  မတ်လနှင့် ဧပြီလများတွင် ပြည်တွင်း၊ ပြည်ပ ဈေးကွက်အခြေအနေ အဆိုးဆုံးဖြင့် ကြုံတွေ့ခဲ့ရပါသည်။ မေလမှစတင်၍ ဈေးကွက်များ ပြန်လည်တိုးတက်လာခဲ့သော်လည်း ယခင်ကာလများကဲ့သို့ ရာနှုန်းပြည့် တိုးတက်လာခြင်းမရှိဘဲ ၇၀ ရာခိုင်နှုန်း ခန့်သာ ပြန်လည်ဖွံ့ဖြိုးလာခဲ့ခြင်းဖြစ်ပါသည်။ ကူးစက်မြန်ရောဂါ ဒုတိယလှိုင်းဖြင့် ထပ်မံကြုံ တွေ့ရသည့်အခါ ဈေးကွက်အခြေအနေ များမှာ ၅၀ ရာခိုင်နှုန်း အောက်သို့ ပြန်လည်ရောက်ရှိ သွားခဲ့ပါသည်။ သို့ဖြစ်ပါသော်လည်း မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းတင်ပို့မှုပမာဏနှင့် ဝင်ငွေမှာ ခြောက်လတာကြုံတွေ့ခဲ့သည့် အခက်အခဲကြားမှပင် စံချိန်တင်ရရှိခဲ့ခြင်းဖြစ် သည့် အတွက် COVID-19  ကူးစက်မြန်ရောဂါကူးစက်မှုများ ထိန်းချုပ်မှုရရှိပြီး တည်ငြိမ်မှုရှိလာ မည့်အနာဂတ်ကာလများတွင် မြန်မာနိုင်ငံ၏ရေထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ အနေဖြင့် တိုးတက်ဖွံ့ဖြိုးမှု အခြေအနေကောင်းများကို ရရှိစေပြီး နိုင်ငံသားများအတွက် ငါး ရိက္ခာ၊ ပြည်ပဝင်ငွေ၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးမြှင့်ရရှိစေပြီး  ကျေးလက် ဒေသ များ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဘက်စုံစီးပွားလက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုပါ အဓိကလုပ်ငန်း ကဏ္ဍများထဲတွင် ပါဝင်လျက် အထောက်အကူပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းရရှိပါသည်။

ခိုင်သဉ္ဇာဦး၊ ပြည်တွင်းမြှင့်တင် (ရန်ကုန်)