Main menu

Background

ရေနံချောင်းမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူခြင်းဖြင့် ဝင်ငွေရနေ

Tue, 11/01/2022 - 14:49 -- journal_editor

မကွေးတိုင်းဒေသကြီး   ရေနံချောင်းမြို့နယ်ရှိ ကျေးရွာများတွင် ဆိတ်ကို   တစ်ပိုင်တစ်နိုင် မွေးမြူ ကြရာ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။
"စမွေးတုန်းကတော့ ၁၀ ကောင်ပဲမွေးနိုင်တာ။ ဒါကို ကျပ် ၁၀ သိန်းလောက်ကုန်တယ်။ ယခု ဆိတ် ကောင်ရေ ၃၀ ရှိပါပြီ။ ဒါလေးက မိသားစု ဝင်ငွေရ တယ်။     လက်လုပ်လက်စားသမားတွေအတွက် ပိုအဆင်ပြေတယ်"ဟု  ဒေသခံ ဒေါ်ဝင်းဌေးက ပြော သည်။
"ကျွန်တော့်ရွာမှာက ဆိတ်ကတော့ အဓိကထား မွေးတာဗျ။ ရာသီဥတုနဲ့ကိုက်တဲ့အပြင် လွှတ်ကျောင်း စနစ်နဲ့ မွေးရတယ်ဗျ။ အောင်မြင်ဖြစ်ထွန်းတဲ့လုပ်ငန်း ပါပဲ"ဟု ရုံးကုန်းကျေးရွာအုပ်စုနေ  ဦးသန်းထိုက်က ပြောသည်။
ဒေသတွင်း၌  ဆိတ်ကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ် မွေးမြူလာကြသည့်အပြင်  ဆိတ်မွေးမြူရေး သည် ထွေထွေထူးထူး ကုန်ကျစရာမလိုဘဲ  စားကျက် မြေများ၌    လွှတ်ကျောင်းစနစ်ဖြင့်  မွေးမြူခြင်းဖြင့် လုပ်ကိုင်နိုင်ကြောင်း သိရသည်။
ဆန်းညွန့်(ရေနံချောင်း)