Main menu

Background

စီးပွားဖြစ် ဆိတ်မွေးမြူလိုသူများအတွက် ဆိတ်မွေးမြူရေးနည်းစနစ်အမျိုးမျိုး

Mon, 06/05/2023 - 13:59 -- journal_editor

ဆိတ်မွေးမြူရေးတွင် ခြံလှောင်စနစ်၊ တစ်ဝက် လွှတ်ကျောင်း စနစ်၊ လွှတ်ကျောင်းစနစ်၊ ကြိုးချည်ခြင်း(သို့)အပြင်ထုတ်ချည် မွေးမြူ ခြင်းစနစ်၊ ဆိတ်မွေးမြူရေးနှင့် ှဗွှူ(ခေါ်) တောင်စောင်းစိုက်ပျိုး ရေး ပူးတွဲခြင်းဟူ၍ရှိကြသည်။ မွေးမြူရေးလုပ်ငန်းများတွင် ဆိတ် မွေးမြူရေးကို  အစာကုန်ကျစရိတ်  အနည်းဆုံးနှင့် မွေးမြူနိုင်သည်။ ရင်းနှီးမြှုပ်နှံမှု နည်းပါးစွာဖြင့် ပြု လုပ်နိုင်ပြီး အချိန်တိုအတွင်း ကောင် ရေ တိုးပွားနိုင်သဖြင့် ဝင်ငွေရရှိမှု လျင်မြန်သည်။ဆိတ်ကနေ အသား၊ နို့၊အမွေးနှင့်သားရေကို ရရှိသည်။ ထို့ပြင်  ဆိတ်မှရရှိသည့် ဆိတ် ချေးမှာလည်း အလွန်အသုံးဝင်သော သဘာဝမြေသြဇာဖြစ်သည်။
 မြန်မာ့ဆိတ်များနှင့် အလားအလာကောင်းများ 
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏   ၂၀၂၀ ပြည့်နှစ် စာရင်း အရ မြန်မာနိုင်ငံတွင် ဆိတ်ကောင်ရေ ၁ဒသမ ၇ သန်းကျော်ရှိသည် ဟု လေ့လာသိရှိရသည်။ ဆိတ်များကို မြန်မာနိုင်ငံအလယ်ပိုင်း အပူ ပိုင်းဒေသများဖြစ်သော မန္တလေး၊ မကွေးနှင့်  စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် အများဆုံး မွေးမြူကြသည်။မြန်မာနိုင်ငံ၏ဒေသမျိုးရင်း ဆိတ် များအဖြစ် ဂျိတ်နီမျိုး၊ ထိန်စမ်း(ခေါ်) ညောင်ဦးမျိုးနှင့်ဝေသာလီမျိုးဟူ ၍ ခွဲခြားသတ်မှတ်ထားသည်။   မြန်မာ့ဆိတ်မျိုးများသည်   ကိုယ်လုံး ကိုယ်ပေါက်၊ အရောင်အသွေးစသည့် ပြင်ပရုပ်သွင်ကွဲပြားကြသည်။ ဂျိတ်နီဆိတ်များကို  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင်လည်းကောင်း၊   ထိန်စမ်း ဆိတ်မျိုးများကို ပုဂံ၊ ပုပ္ပားနှင့်   ညောင်ဦးမြို့နယ်တွင်လည်းကောင်း၊ ဝေသာလီ ဆိတ်များကို မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ပေါက် မြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင်လည်းကောင်း  အများဆုံးမွေးမြူလျက် ရှိသည်။ အသက်တစ်နှစ်အရွယ်တွင်  ဂျိတ်နီဆိတ်မျိုးများသည် ၂၅-၃၅ ကီလိုဂရမ် (၁၅-၂၀ ပိဿာခန့်)၊  ထိန်စမ်း မျိုးများသည် ၂၅-၃၀ ကီလိုဂရမ်(၁၅-၁၉ ပိဿာခန့်)၊ ဝေသာလီဆိတ်မျိုးများသည် ၃၅-၃၈ ကီလိုဂရမ် ( ၂၀-၂၄ ပိဿာခန့်)အထိ ကြီးထွားကြသည်။
ဆိတ်မွေးမြူရေးနှင့် ကုန်ကျစရိတ်
မြန်မာနိုင်ငံတွင် ဆိတ်မွေးမြူရာ၌ အသားတိုးဆိတ်နှင့် မျိုးပွား ဆိတ်ဟူ၍ ခွဲခြားမွေးမြူကြသည်။  အသားတိုးဆိတ်များကို မွေးမြူ ရာတွင် ဆိတ်ထီးနှင့်ဆိတ်မများကို သီးသန့်ခွဲခြားထားမွေးမြူကြကြော င်း တွေ့ရှိရပြီး တစ်နှစ်မွေးမြူပါက ၃၅ ပိဿာအထိ ကြီးထွားမှုရှိကြောင်း သိရသည်။ မျိုးပွားဆိတ်အဖြစ် မွေးမြူထားသော ဆိတ်များမှာ  တစ် နှစ်လျှင် နှစ်သား  ပုံမှန်မွေးဖွားကြောင်းသိရပြီး   တစ်ကြိမ်မွေးလျှင် (တစ်ကောင်မှ နှစ်ကောင်၊ သုံးကောင်အထိ)သားပေါက်များ မွေးဖွား နိုင်ကြောင်း သိရှိရသည်။ အသားတိုးဆိတ်ကြီး(ကစီး)မျိုး   တစ်နှစ်ခွဲ အရွယ်ကို ကျပ် ၁၀ဝ၀ဝ၀ ဈေးပေး၍ ပခုက္ကူ၊  ညောင်ဦးမြို့နယ်များ ဘက်မှ မျိုးအဖြစ် ဝယ်ယူမွေးမြူကြပြီး မျိုးပွား ဆိတ်သေး တစ်နှစ်သား အရွယ်ကို ကျပ် ၇၅၀ဝ၀ ဈေးဖြင့် မြို့နယ်အတွင်းမှ ဝယ်ယူမွေးမြူကြ ရကြောင်း သိရှိရသည်။ ဆိတ်အကောင်ရေ  ၅၀ ခန့်  မွေးမြူနိုင်သော ဆိတ်ခြံတစ်ခြံတည်ဆောက်ရန် ကျပ် ၁၅သိန်းခန့် ကုန်ကျမည်ဖြစ်ပြီး အသားတိုးဆိတ်ကြီးမျိုးများ စတင်မွေးမြူလျှင်  ဆိတ်တန်ဖိုးနှင့် ခြံ တန်ဖိုးပေါင်း   ကျပ် ၆၅ သိန်းခန့် ကုန်ကျနိုင်ပြီး ဆိတ်သေးမျိုး(မျိုးပွား)စတင်မွေးမြူလျှင် ဆိတ်တန်ဖိုးနှင့် ခြံတန်ဖိုးပေါင်း  ကျပ် ၅၂  သိန်းကျော် ကုန်ကျနိုင်ကြောင်း ဆိတ်မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။ 
အစာကျွေးမွေးခြင်း
လွှတ်ကျောင်းစနစ်ဖြင့်   မွေးမြူသောဆိတ်များအတွက် စား ကျက်များကို အထူးစိုက်ပျိုးပေးထားရန် မလိုပေ။ အများဆိုင်ကျေးရွာ စားကျက်ကွင်းများတွင် လွှတ်ကျောင်းပေးလေ့ရှိသည်။ အစာဝယ်ယူ ကျွေးမွေးရသော မွေးမြူရေး ဆိတ်များအတွက်မူ အစာအဖြစ် ဆီးသီး ကြိတ်ဖတ်၊ ဝါစေ့ကြိတ်ဖတ်၊ ပဲအနှစ်နှင့် ကုလားပဲခွံများကို  ရောနယ် ၍ကျွေးရသည်။ ဆီးသီးကြိတ်ဖတ်နှင့် ဝါစေ့ကြိတ်ဖတ်များကို  ပခုက္ကူ မြို့နယ်ဘက်မှ ဝယ်ယူရပြီး ပဲအနှစ်နှင့် ကုလားပဲအခွံများကို မိတ္ထီလာ မြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ ပဲခွဲစက်များမှ ဝယ်ယူ ကြရကြောင်း သိရှိရ သည်။ ဆီးကြိတ်ဖတ် တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ ၊ ဝါစေ့ ကြိတ်ဖတ် ၁အိတ်လျှင် ကျပ် ၁၅၀ဝ၊ ပဲအနှစ် ၁ပိဿာလျှင် ကျပ် ၁၀ဝ၀၊ကုလားပဲ အခွံ တစ်ပိဿာလျှင်  ကျပ် ၇၅၀ ဈေးနှုန်းဖြင့်   ဝယ်ယူကြရကြောင်း သိရှိရသည်။ 
ဆိတ်မျိုးပွားခြင်း
ယေဘုယျအားဖြင့်  ဆိတ်မတစ်ကောင်၏  ကိုယ်ဝန်ဆောင် ကာလမှာ ပျမ်းမျှ ရက်ပေါင်း ၁၅၀ ဝန်းကျင်သာရှိသည်။ တစ်ကြိမ် သားမွေးလျှင်  တစ်ကောင်မှ သုံးကောင်မွေးဖွားကြသည်။ မျိုးအပေါ် မူ တည်၍ တစ်နှစ်မှ တစ်နှစ်ခွဲအတွင်း နှစ်ကြိမ်သား ဖွားနိုင်ကြသည်။ဆိတ်မ တစ်ကောင်သည် အသက် ၅နှစ်မှ  ၇နှစ်အတွင်း အကောင်း ဆုံး မျိုးပွားနိုင်သည်။ ဆိတ်ခြံအတွင်း သားမွေးနိုင်သော ဆိတ်မကြီး များ အရေအတွက်သည် အများဆုံး၊  ဆိတ်မငယ်များသည် ဒုတိယ အများဆုံးနှင့် သင်းကွပ်ထားသော ဆိတ်ထီးများက  တတိယအများ ဆုံး ပါဝင်မွေးမြူထားကြသည်။  ထူးခြားချက်အဖြစ် သင်းကွပ်ထား သော ဆိတ်ထီးများကို သဘာဝစားကျက်များတွင်    လွှတ်ကျောင်း ရုံသာမက အိမ်တွင်လည်း ဖြည့်စွက်စာကျွေးကာ  အသားတိုးအဖြစ် သီးသန့်မွေးမြူသူအနည်းငယ်ကိုလည်း တွေ့ရှိရသည်။
ဆိတ်မွေးမြူနည်းစနစ်များ
ဆိတ်မွေးမြူရေးတွင် မွေးမြူမည့်နေရာဒေသ၏   ရာသီဥတု အခြေအနေနှင့်အစာရရှိနိုင်မှုအခြေအနေတို့ပေါ်မူတည်၍အောက်ပါ စနစ် ငါးမျိုးဖြင့် မွေးမြူနိုင်သည်။
(က) ခြံလှောင်စနစ်
မိုးများလွန်းသော အရပ်ဒေသနှင့် ရာသီဥတုအလွန်အေးသော အရပ်ဒေသတို့တွင် အသုံးပြုလေ့ရှိသည်။ ဤစနစ်တွင် အဓိကအရေး ကြီးသည့်အချက်များမှာ တိရစ္ဆာန်များကို အရွယ်အစား ခွဲခြားမွေးမြူ ရေး၊ အစာရေစာလုံလောက်စွာ ကျွေးမွေးရေးနှင့်  သင့်လျော်သော နေရာအကျယ်အဝန်းရှိရေးပင်ဖြစ်သည်။ ခြံလှောင်စနစ်တွင် အား သာချက်များရှိသလို အားနည်းချက်များလည်းရှိသည်။  အားသာ ချက်မှာ ထိန်းကျောင်းရလွယ်ကူခြင်း၊  နေရာများစွာ မလိုခြင်း၊ သူတစ် ပါး စိုက်ခင်းအတွင်း ဝင်ရောက်နိုင်မှုမရှိသည့်အတွက် စိုက်ပျိုးတောင် သူများနှင့် ပြဿနာမဖြစ်နိုင်ပါ။ အခြားအလုပ်တစ်ဖက်နှင့် လုပ်ကိုင် လိုသူများအတွက်လည်း အဆင်ပြေသည်။   ဆိတ်ချေးကို စိုက်ပျိုး ရေးလုပ်ငန်းတွင် ပြန်လည်ရောင်းချ၍ဝင်ငွေအပိုရနိုင်ပါသည်။ဆိတ် ကျန်းမာရေးစောင့်ရှောက်ဖို့ လွယ်ကူသည်။  စနစ်တကျ မွေးမြူနိုင် လျှင် ကြီးထွားနှုန်း ကောင်းပါသည်။ အားနည်းချက်မှာ ခြံဖိုး၊အစာဖိုး ကုန်ကျစရိတ်များပြီး အစာကို   နည်းစနစ်တကျ မကျွေးတတ်လျှင် ကုန်ကျစရိတ်များပါသည်။  လုပ်ငန်း မလည်ပတ်ချိန်တွင်  ငွေကြေး အခက်အခဲများရှိနိုင်ပါသည်။  ခြံလှောင်စနစ်တွင်   တစ်ပိုင်တစ်နိုင် အနေဖြင့် ဆိတ်ကောင်ရေ ၄၊၅၊၁၀ ကောင်မှစ၍စီးပွားဖြစ် အကောင် ၃၀၊ ၄၀၊ ၅၀ မှ ရာချီထိ မွေးမြူနိုင်ပါသည်။
(ခ)တစ်ဝက်လွှတ်ကျောင်းစနစ်
ဆိတ်မွေးမြူရေးအတွက် အသင့်လျော်ဆုံးဖြစ်သည်။   လွှတ် ကျောင်းခြင်းဖြင့် ဆိတ်တင်းကုပ်သန့်ရှင်းမှု စနစ်တကျ ပြုလုပ်နိုင်ပြီး သင့်တင့်သည့် အစာသည်လည်း   စားကျက်မှရရှိနိုင်သဖြင့် အစာနု အကုန်အကျ သက်သာသည်။ ဆိတ်များလွှတ်ကျောင်းခြင်းဖြင့် ကျန်း မာရေးနှင့်ပြည့်စုံစေသည်။ ဆိတ်တင်းကုပ်ကို  ညဘက်အိပ်ရန်သာ အသုံးပြုလျှင် အကောင်းဆုံးဖြစ်သည်။ တစ်ဝက်လွှတ်ကျောင်းစနစ် တွင် တစ်ပိုင်တစ်နိုင်အနေဖြင့် ဆိတ်ကောင်ရေ ၄၊၅၊၁၀ ကောင်မှစ၍ စီးပွားဖြစ်အနေဖြင့် အကောင် ၃၀၊ ၄၀၊ ၅၀ မှရာချီထိ မွေးမြူနိုင်ပါ သည်။
(ဂ) လွှတ်ကျောင်းစနစ်
လွှတ်ကျောင်းခြင်းဖြင့် လေကောင်းလေသန့်ရသည်။  ကျန်းမာ ရေးနှင့် ပြည့်စုံစေသည်။ သင့်တင့်သည့် အစာကိုစားကျက်မှ ရနိုင် သည်။ သို့သော် လွှတ်ကျောင်းနိုင်သည့် ရာသီဥတုမျိုးဖြစ်ရန်လိုသည်။ မိုးမများရန်  အလွန်အရေးကြီးသည်။ အေးသည့်အရပ်တွင် ဆိတ်ကို လွှတ်ကျောင်းထားနိုင်သော်လည်း မိုးရေထဲတွင် လွှတ်ကျောင်းထား ၍ မဖြစ်ပေ။ ထို့အတူပင် ညဘက်တွင် နွေးနွေးထွေးထွေး  အိပ်စက် အနားယူရန်အတွက် မည်သည့်မွေးမြူရေးစနစ်တွင်ပင်ဖြစ်စေ ဆိတ် တင်းကုပ် လိုအပ်သည်။ လက်ရှိတွင် အညာဒေသ၌ သဘာဝကိုအမှီ ပြုပြီး လွှတ်ကျောင်းစနစ်နှင့် မွေးမြူကြကာ လူတစ်ဦးလျှင် အနည်း ဆုံး ဆိတ်ကောင်ရေ ၂၅၊ ၃၀ မှ အများဆုံး  ၂၀ဝ၊ ၃၀ဝ ကောင်ခန့် မွေးမြူကြောင်း သိရသည်။ ဂျိတ်ဆီဆိတ်မျိုးများသည် လွှတ်ကျောင်း စနစ်နှင့် ပိုမိုကိုက်ညီကြောင်းသိရပြီး ရာသီဥတုပေါ် မူတည်ပြီး တစ် ရက်လျှင်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လွှတ်ကျောင်းလေ့ရှိသည်။
(ဃ) ကြိုးချည်ခြင်း (သို့) အပြင်ထုတ်ချည် မွေးမြူခြင်းစနစ်
ဆိတ်တစ်ကောင်၊ နှစ်ကောင်သာ မွေးမြူရာ၌ ဤစနစ်ကို ကျင့် သုံးနိုင်သည်။ တစ်နေ့တာ၌ ဆိတ်ကို အကြိမ်ပေါင်းများစွာ  ပြောင်း ရွှေ့ချည်နှောင်ရန် လိုသည့်အပြင် ရေသန့်များစွာ  တိုက်ကျွေးရန် လိုအပ်သည်။ မိုးရွာသော နေ့ရက်များ၌  အိမ်အောက်တွင်ထားရန် လိုသည်။ ဤစနစ်ဖြင့် မွေးမြူထားသော ဆိတ်များသည် မတော်တဆ ဒဏ်ရာရခြင်း (ဝါ) သေဆုံးခြင်း ပိုမိုဖြစ်တတ်သည်။  ချည်ထားသော ကြိုးကြောင့်လည်ပင်းညစ်၍ ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများစွာ ကို နှစ်စဉ်ကြုံတွေ့ရသည်။
(င) ဆိတ်မွေးမြူရေးနှင့် ှဗွှူ (ခေါ်) တောင်စောင်းစိုက်ပျိုးရေး ပူးတွဲခြင်း
ကွန်တိုလိုင်းဖြင့် မြေသြဇာပင်တန်းစိုက်ပျိုးပြီး ကြားကွက်များ တွင် နှစ်တိုနှစ်ရှည်ပင်များကို  ဆိတ်မွေးမြူရေးနှင့် ပူးတွဲခြင်းစနစ်ကို ချင်းပြည်နယ် တောင်တန်းဒေသများတွင် မွေးမြူနိုင်သည်။  တောင် ကုန်း၊တောင်တန်းမြေ နှစ်ဧကတွင် အကောင်အထည်ဖော်နိုင်သည်။ ၎င်းမြေကို သီးနှံစိုက်ပျိုးရန် (၄၀%)၊ ဆိတ်မွေးမြူရန် (၄၀%) နှင့် သစ်တောစိုက်ပျိုးရေးအတွက် (၂၀%)အသီးအသီး အသုံးချခြင်းဖြစ် သည်။ ဆိတ်ခြံကို ဥယျာဉ်ခြံ၏ အလယ်ဗဟိုတွင်  ဆောက်လုပ်ပြီး အပေါ်ဆုံးအပိုင်းဖြစ်သောခြံမြေ၏ ထက်ဝက်အနက် လေးပုံ၊ သုံးပုံ ကို နှစ်ရှည်ပင်များဖြစ်သော ကော်ဖီ၊ငရုတ်ကောင်း၊လက်ဖက် စသည် တို့ကို စိုက်ပျိုးနိုင်ပါသည်။   ဥယျာဉ်ခြံမြေ၏ လေးပုံတစ်ပုံကို နှစ်တို သီးနှံပင်များဖြစ်သော တောင်ယာစပါး၊ မြေပဲ၊ ပဲမျိုးစုံနှင့် ပြောင်းဖူး စသည့် သီးနှံများကို စိုက်ပျိုးပါသည်။ အခြားခြံမြေ၏  ထက်ဝက်ပိုင်း တွင် မွေးမြူထားသော ဆိတ်များအတွက် ဆိတ်စားမြက်ပင်နှင့် ဆိတ် စားအပင်မျိုးစုံကို စိုက်ပျိုးပါသည်။ ဆိတ်အတွက် အသင့်တော်ဆုံး အပင်မျိုးများမှာ ဘောစကိုင်းပင်၊ ဂလိုက်စီးရီးယားပင်၊ ရမ်ဆမ်ပင်၊ ပါရာမြက်နှင့် နေပီယာ မြက်မျိုးတို့ဖြစ်သည်။ တောင်စောင်းစိုက်ပျိုး ရေးနှင့်ပူးတွဲပြီး ဆိတ်မွေးမြူရာတွင် ခြံအကျယ်အဝန်းပေါ် မူတည် ၍ဆိတ်ကောင်ရေများများ မွေးမြူနိုင်ပါသည်။
ဆိတ်မွေးမြူရေးလုပ်ငန်းမှ ဝင်ငွေရရှိမှု
ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သော တောင်သူ၆၀းအနက် တစ်ဦး၏တစ်နှစ်တာအတွင်း ပျမ်းမျှဝင်ငွေသည် ငွေကျပ်သိန်း ၂၀ ခန့်ဖြစ်ကြောင်း သိရသည်။  ဆိတ်မွေးမြူရေးလုပ်ငန်းမှ  အနည်းဆုံး ဝင်ငွေရရှိသူသည် ငွေကျပ် ရှစ်သောင်းမှ ငွေကျပ်သိန်း၅၀အထိ ရှိနေ သည်။ ၎င်းတို့၏ဝင်ငွေသည် မွေးမြူထားသော ဆိတ်ကောင်ရေ အပေါ်မူတည်၍ ကွဲပြားခြားနားနေခြင်းဖြစ်သည်။  ဆိတ်မွေးမြူရေး သည် ဝင်ငွေကောင်းသောလုပ်ငန်းဖြစ်ခြင်းကြောင့်  တောင်သူများ အား မိရိုးဖလာမွေးမြူရေးလုပ်ငန်းအစား ခေတ်မီနည်းပညာသုံး မွေး မြူရေးဆိုင်ရာဗဟုသုတများ မြှင့်တင်ပေးပြီး ဝင်ငွေတိုးတက်ရရှိရေး စီမံကိန်းများ ချမှတ်ဆောင်ရွက်သင့်ပါသည်။ 
စီးပွားဖြစ် ဆိတ်မွေးမြူလိုသူများအတွက်
မိသားစုအတွင်း ဆိတ်မွေးမြူရေးလုပ်ငန်းတာဝန်များ ခွဲဝေယူခြင်းနှင့် အမျိုးသမီးများပါဝင်လုပ်ကိုင်နေမှုကို ဆန်းစစ်သည့်အခါ လွှတ်ကျောင်းခြင်း၊ အိမ်၌အစာကျွေးခြင်း၊ ရေတိုက်ခြင်း၊ ဆိတ်ရောင်း/ဆိတ်ဝယ်ပြုလုပ်ခြင်း၊ ထိုသို့ပြုလုပ်ခြင်းကို ဆုံးဖြတ်ချက်ချခြင်း၊ ဆိတ်များ ဖျားနာနေသည့်အခါ ပြုစုစောင့်ရှောက်ခြင်း၊ ဆေးကုသခြင်းနှင့် ဆိတ်ရောင်းခြင်းမှရသောဝင်ငွေကို ကိုင်တွယ်အသုံးပြုခြင်း စသည့် လုပ်ငန်းတာဝန်များအလိုက် ခွဲခြားဆန်းစစ်ခဲ့ရာ အဆိုပါတာဝန်များကို အရွယ်ရောက်ပြီးသူ အမျိုးသားရော၊ အမျိုးသမီးပါ အဓိက လုပ်ဆောင်ကြသည်ကို တွေ့ရသည်။ အရွယ်မရောက်သေးသည့် ကလေးများပင် မိသားစုဝင်ငွေအတွက် လုပ်ငန်းတာဝန်အချို့ ကို ခွဲဝေယူကြသည်ကိုလည်း အနည်းငယ်တွေ့ရသည်။ ဆိတ်များသည် ကုန်ကျစရိတ် သက်သက်သာသာဖြင့်  မွေးမြူနိုင်ပြီး  အချိန်တို အတွင်း မျိုးပွားမြန်သဖြင့် ကျေးလက်နေ မွေးမြူရေး တောင်သူများအတွက် အမြန်ဆုံး ဝင်ငွေပေးစွမ်းနိုင်သော ငွေစုစာအုပ်ပမာဖြစ် သည်။ ဆိတ်များသည် အခြားကြက်နှင့်ဝက်ကဲ့သို့ လူတို့စားသောအစာကို မစားဘဲ ကြီးထွားရှင်သန်နေနိုင်ကြပြီး  အစာမျှဝေရယူမှု မရှိသဖြင့် လူသားများအတွက် အစားအစာဖူလုံရေးကို မထိခိုက်စေပါ။ ထို့ပြင် မျက်နှာပန်းလှသော ပြည်ပပို့ကုန်ဖြစ်သဖြင့် ပိုမိုထုတ် လုပ်နိုင်လေ အကျိုးအမြတ်များလေ ဖြစ်ပါကြောင်း ဆိတ်မွေးမြူရေးနှင့် မွေးမြူနည်းစနစ်များအကြောင်းကို လေ့လာရေးသားလိုက်ရပါ သည်။                                 

            မှီငြမ်း-ဆိတ်မွေးမြူနည်းလမ်းညွှန်။

နှင်းအိ(ရာမညမြေ)