Main menu

Background

ပဲခူးတိုင်းဒေသကြီးအတွင်း ဘဲမွေးမြူရေးလုပ်ငန်းများ တွက်ခြေကိုက်

Mon, 07/31/2023 - 12:47 -- journal_editor

ဈေးကွက်အတွင်း ဘဲဥဈေးနှုန်းများ မြင့်တက်လျက် ရှိသောကြောင့် ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်အတွင်း စီးပွားဖြစ် ဘဲမွေးမြူခြင်း၊ တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်း လုပ်ငန်းများ ပိုမိုများပြားလာကြောင်း သိရှိရသည်။
ဘဲသည် ကြက်ကဲ့သို့ မဟုတ်ဘဲ မွေးမြူရ လွယ်ကူသည့် အပြင် မိုးရာသီဖြစ်သည့်အလျောက် ၎င်းတို့၏ သဘာဝအစား အစာဖြစ်သော ရေမှော်၊ ပိုးမွှားကောင်သေး၊  တီကောင် စသည်တို့ ပိုမိုပေါများသည့်အတွက် ကုန်ကျစရိတ် သက်သာ ကြောင်း သိရှိရသည်။
သနပ္ပင်မြို့နယ်အတွင်း လွှတ်ကျောင်းများ ပေါသော ကြောင့် တစ်နိုင်တစ်ပိုင် အကောင်ရေ ၃၀ မှ ၅၀ မွေးမြူသူများ ရှိသကဲ့သို့ အကောင်ရေ ၅၀ဝ၊ ၁၀ဝ၀၊ ၂၀ဝ၀ စသည်ဖြင့် စီးပွားဖြစ် မွေးမြူသူများလည်းရှိကြောင်း သိရှိရသည်။ 
ဥစားဘဲအနေဖြင့် အကောင်ပေါက် စတင်မွေးမြူသည် မှ ခြောက်လကျော်လျှင် ဥစတင်ဥကာ ဥသက်တမ်းမှ တစ်နှစ်၊ တစ်နှစ်ခွဲခန့်ရှိကြောင်း  သိရှိရသည်။  ဘဲကောင်ရေ ၁၀ဝ၀ မွေးမြူလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ် အစားအစာ၊ ဆေးဝါး၊ လုပ်သားခအပါအဝင် တစ်ရက်လျှင် ကျပ် ၇၅၀ဝ၀ ခန့် ကုန် ကျကြောင်း သိရှိရသည်။
ဘဲဥ ဥသည့် အချိန်ရောက်လျှင် အကောင် ၁၀ဝ၀ လျှင် တစ်ရက် ပျမ်းမျှ ဥ ၇၀ဝ နှုန်းခန့် ဥကြောင်းသိရပြီး သက်တမ်း ကုန် ဘဲများကိုလည်း အသားအဖြစ် ရောင်းချနိုင်သည့်အတွက် အသားတင် အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။ ဘဲဥ တစ်လုံးလျှင် ယနေ့ ခြံထွက်ဈေးမှာ ၂၈၀ ကျပ်ခန့်  ရှိသော ကြောင့် တစ်ရက်လျှင် ကျပ် ၁၉၆၀ဝ၀ ခန့် ဝင်ငွေရရှိသဖြင့် ဘဲကောင်ရေ ၁၀ဝ၀ မွေးမြူလျှင် တစ်ရက် ကျပ် ၁၂၁၀ဝ၀ ခန့် အကျိုးအမြတ်ရရှိရာ ဘဲမွေးမြူသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး တွက်ခြေကိုက်လျက် ရှိကြောင်း သိရှိရသည်။        

ခိုင်ရွှေဇင် (ပဲခူး)