Main menu

Background

စနစ်သစ် အသားတိုးဝက်မွေးမြူရေးလုပ်ငန်း၏ ဈေးကွက်ရရှိမှုနှင့် အလားအလာကောင်းများ

Mon, 07/31/2023 - 12:54 -- journal_editor

စားသုံးသူရေးရာဦးစီးဌာန ပန်းတနော်မြို့နယ် တာဝန်ခံ ဦးပိုးဖြူပိုင် မင်းနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမပတ်တွင် ထူးထက် ဟန်ကုမ္ပဏီ၏ ဝက်အသားတိုးမွေးမြူရေးလုပ်ငန်းခွင်သို့ သွားရောက်လေ့လာ ခဲ့ပြီး ပြည်တွင်းကုန်သွယ်မှု ဈေးကွက်ရရှိနိုင်မှုနှင့် စားသုံးသူများ၏ လိုအပ် ချက် ဖြည့်ဆည်းနိုင်မှုများကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ထူးထက် ဟန်ကုမ္ပဏီ၏ အသားတိုးဝက် မွေးမြူရေးလုပ်ငန်းသည် သန့်ရှင်းလတ်ဆတ် မှုရှိပြီး  စားသုံးသူအတွက် ဘေးကင်းစွာ စားသုံးနိုင်မှုနှင့် ဈေးကွက်ရရှိမှု အလားအလာကောင်းများကို တွေ့ရှိရကြောင်း တင်ပြလိုက်ရပါသည်။
ပန်းတနော်မြို့နယ် ဥတိုကျေးရွာတွင်  ဦးနေမင်း လုပ်ကိုင်ဆောင်ရွက် နေသော ထူးထက်ဟန်ကုမ္ပဏီ၏ စနစ်သစ်  အသားတိုး ဝက်မွေးမြူရေး လုပ်ငန်းသည် ဈေးကွက်ရရှိမှု အလာအလားကောင်းများစွာ ရရှိနေသည်။
ထူးတက်ဟန်ကုမ္ပဏီပိုင်ရှင် ဦးနေမင်း၏ ပြောပြချက်အရ အသားတိုး ဝက်မွေးမြူရေးစီမံကိန်းကို  ပန်းတနော်မြို့နယ်  ဘဝိုင်းကျေးရွာအုပ်စု ဥတိုကျေးရွာရှိ  ဧက ၁၅၀ ပေါ်တွင် စီမံကိန်းချ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဝက်တစ်ကောင် ကျပ် ၁၈၀ဝ၀ဝ ဖြင့် ဝယ်ယူ၍ တစ်ခြံတွင် အကောင်ရေ ၆၅၀ ခန့် မွေးမြူခဲ့သည်။
အသားတိုးဝက်များကို စတင်မွေးမြူသည်မှ ၁၄၅ ရက်သားတွင် ဝက် တစ်ကောင်လျှင် ပိဿာချိန် ၆၀ မှ ၈၀ ပိဿာထိ ရှိသော အသားတိုးဝက်များ ကိုရရှိသည်။ မိမိတို့ မွေးမြူထားသော အသားတိုးဝက်များသည် ဈေးကွက် ရရှိပြီး တစ်ပိဿာလျှင် ကျပ် ၁၀၈၀ဝ ဖြင့် အရောင်းအဝယ် ရရှိသောကြောင့် ဈေးကောင်းရရှိသည်ဟု ရှင်းလင်းပြောပြခဲ့သည်။

CONSUMER(MT)