မိတ္ထီလာမြို့ဈေးကွက်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များမှ ထုတ် လုပ်သည့် တိရစ္ဆာန်အစာများနှင့် ကုမ္ပဏီကြီးများမှတင်သွင်းသည့် တိရစ္ဆာန်အစာများကို ဒေသတွင်း မွေးမြူသည့် နွား၊ ဆိတ်၊ ကြက်၊ ဝက် အစရှိသည့် မွေးမြူရေးလုပ်ငန်းများနှင့် အခြားဒေသများသို့ ပါ တင်ပို့ ရောင်းချကြသည်။
ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များမှ ထုတ်လုပ်သည့် တိရစ္ဆာန် အစာဈေးနှုန်းများမှာ ပဲဖတ်အခွံပါ တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀၊ ပဲဖတ်အသန့် တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ ၊ ဝါဖတ်အပွဖတ် တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ ၊ ဝါဖတ်အကျစ်ဖတ် တစ်ပိဿာလျှင် ကျပ် ၃၃၀ဝ၊ နှမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၃၃၀ဝ ၊ ပဲခွံ တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ ဆန်ဖွဲနု ၁၀ ပိဿာတစ်အိတ်လျှင် ကျပ် ၂၄၅၀ဝ၊ ဆန်ဖွဲနုကြမ်း ၂၅ ပိဿာတစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၊ ဆန်ကွဲရှယ် ၂၇ ပိဿာ တစ်အိတ် လျှင် ကျပ် ၄၃၀ဝ၀၊ ကြက်ကလေးစာ ၆၀၁၀ (၅၀)ါု တစ်အိတ်လျှင် ကျပ် ၁၃၆၀ဝ၀၊ ကြက်ကြီးစာ ၆၀၂၀ (၅၀)ါု တစ်အိတ်လျှင် ကျပ် ၁၃၀၃၀ဝ၊ ဝက်ကြီးစာ (၂၅)ါု တစ်အိတ်လျှင် ၃၈၅၅ ကျပ် ၅၇၃၀ဝ၊ ဝက်ကြီးငယ် ၃၈၂၅ (၂၅)ါု တစ်အိတ်လျှင် ကျပ် ၈၂၃၀ဝ ဖြစ်သည်။ ယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် ဒေသတွင်း မွေးမြူရေးလုပ်ငန်းများအပြင် ရမည်းသင်း၊ ပျော်ဘွယ်၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ အောင်ပန်း၊ လွိုင်ကော်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း တိရစ္ဆာန် အစာရောင်း ဝယ်ရေးလုပ်ငန်းများမှသိရသည်။
မြို့ရီ (DOCA ၊မိတ္ထီလာ)
