Main menu

Background

ယခုနှစ်အတွင်း နက္ခတ်နှင့်ပတ်သက်သော ဝက်ဘ်ဆိုက်သစ်နှစ်မျိုးလွှင့်တင်မည်

Thu, 02/18/2010 - 03:57 -- Anonymous (not verified)

    ယခုနှစ်အတွင်း နက္ခတ်နှင့်ပတ်သက်သော ဝက်ဘ်ဆိုက်သစ်နှစ်မျိုးကို လွှင့်တင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ နဒီနက္ခတ်ပညာရှင်များအဖွဲ့၏  ဒုတိယ ဥက္ကဋ္ဌ ဦးဇေယျာကိုကပြောသည်။    အဆိုပါ ဝက်ဘ်ဆိုက်သစ်နှစ်မျိုးမှာ မင်္ဂလာလက်မှတ် ရေးထိုးသင့်သည့်အချိန်ကို ရွေးချယ်ခြင်း ဝက်ဘ်ဆိုက်နှင့် အိမ်ခြံ မြေကား အရောင်းအဝယ်စာချုပ်တို့ကို လက်မှတ်ရေးထိုးရန် သင့်လျော်သော အချိန်တို့ကို ဖော်ပြထားသည့် ဝက်ဘ်ဆိုက် တို့ဖြစ်ပြီး ၂၀၁၀ ဇွန်လတွင် စတင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ `လက်ရှိ လွှင့်တင်ထားတဲ့ ဝက်ဘ်ဆိုက်နှစ်ခု ရှိ ပါတယ်၊ အဲဒါတွေက ကလေးခွဲစိတ် မွေးဖွားခြင်းအတွက် အချိန်ရွေးချယ်တာနဲ့ စီးပွားရေး စတင်ထူထောင်သင့်တဲ့ အချိန်ကို ရွေးချယ်ရတဲ့ ဝက်ဘ်ဆိုက်တွေပါ။ ဒီနှစ်မှာလုပ်မယ့် နှစ်ခုကိုလည်း အရင်တုန်းကထက် ပိုကောင်းအောင်လုပ်ဖို့ စီစဉ်နေပါတယ်။ ဥပမာ - Web Page ထဲမှာ G-mail account ထည့် ပြီး သုံးနိုင်အောင် စီစဉ်တာမျိုး လုပ်သွားဖို့ရှိတယ်`ဟု ၎င်းကပြောသည်။ ၎င်းင်းဝက်ဘ်ဆိုက်များကို အခမဲ့ သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။   မင်္ဂလာလက်မှတ် ရေးထိုးရန် အချိန်ရွေးချယ်သော ဝက်ဘ်ဆိုက်လိပ်စာမှာ  www.mingalartimemyanmar.com နှင့် အိမ်ခြံမြေကား စာချုပ်စာတမ်း လက်မှတ်ရေးထိုးရန် အချိန်ရွေးသည့် ဝက်ဘ်ဆိုက်လိပ်စာမှာ www.goodtimemyanmar.com တို့ဖြစ်ကြောင်းသတင်း ရရှိသည်။ လက်ရှိကြည့်ရှုနိုင်သော ဝက်ဘ်ဆိုက်နှစ်ခုမှာ  ကလေးခွဲစိတ် မွေးဖွားခြင်းအတွက် www.bomchildmyanmar.bravehost.com နှင့် စီးပွားရေး စတင်ထူထောင်ချိန် ရွေးချယ်ခြင်းအတွက် www.luckybusinessmyanmar.com  တို့ဖြစ်ကြောင်း သိရသည်။