Main menu

Background

ရခိုင်နနွင်းတက် ဘင်္ဂလားဒေ့ရှ်တက်

Sat, 03/06/2010 - 05:21 -- Anonymous (not verified)

    ရခိုင်ပြည်နယ် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေများရဲ့တောင်ယာစိုက်ခင်းများမှာ စိုက်ပျိုးတဲ့ နနွင်းများကို ဒေသတွင်းစားဖို့ နနွင်းမှုန့်ပြုရောင်းချပေမဲ့ နယ်စပ်ဈေးကွက်ကိုတော့ နနွင်းတက်အနေနဲ့သာ တင်ပို့ပါတယ်။ စစ်တွေနယ်စပ်စခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီတစ်ပတ်မှာ နနွင်းတက် ၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ဝ၈ဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။