Main menu

Background

ရတနာပုံအက်ဖ်စီအသင်းမန္တလေးမြို့တွင်းသို့ လှည့်လည်အောင်ပွဲခံ

Thu, 02/18/2010 - 05:00 -- Anonymous (not verified)

    မြန်မာနေရှင်နယ်လိဂ်၊MNL Grand Royal 2009 အမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မန္တလေးတိုင်း ကိုယ်စားပြုရတနာပုံ အက်ဖ်စီအသင်းဟာ မန္တလေးမြို့တွင်းသို့ လှည့်လည်၍ အောင်ပွဲခံသည့်အခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရပါတယ်။   ရတနာပုံအက်ဖ်စီအသင်းဟာ မြန်မာနေရှင်နယ်လိဂ် MNL Grand Royal 2009 ဖလားပွဲမှာရော အမှတ် ပေးပြိုင်ပွဲမှာပါ ချန်ပီယံ ဖြစ်ခဲ့တဲ့အသင်း တစ်သင်းဖြစ်ပါတယ်။ ရတနာပုံအက်ဖ် စီအသင်းဟာ မြန်မာနေရှင်နယ်လိဂ် ပေါ်ပေါက်ခဲ့ချိန်မှ ကျင်းပခဲ့တဲ့ပွဲစဉ် နှစ်ကြိမ်စလုံးမှာ ချန်ပီယံဖြစ်ခဲ့တဲ့အသင်း တစ်သင်းလည်း ဖြစ်သွားပါတယ်။       ချန်ပီယံဆုနှစ်ကြိမ်ရရှိခဲ့တဲ့ရတနာပုံ အက်ဖ်စီအသင်းဟာ မန္တလေးမြို့တွင်းသို့ လှည့်လည်အောင်ပွဲခံသည့်အခမ်းအနား ကျင်းပရာတွင်မန္တလေးမြို့မှဒေသခံ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်လို့ သိရှိရပါတယ်။   ရတနာပုံအက်ဖ်စီအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းဟာ ချန်ပီယံဆုဖလားကို မန္တလေးတိုင်းအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ္ဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာနခုျပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်ငွေထံသို့ ပေးအပ်ခဲ့ပါတယ်။ ဒါ့ပြင် ရတနာပုံ အက်ဖ်စီအသင်းအား ဂုဏ်ပြုညစာစားပွဲနဲ့ ဆုဖလားကြီး အားမြို့မိမြို့ဖများထံအပ်နံှပွဲအခမ်းအနားကို ညနေပိုင်းမှာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ ရန်အောင်မြင်ခန်းမမှာကျင်းပခဲ့ကြောင်းသတင်းရရှိပါတယ်။