ရန်ကုန်ဘုရင့်နောင်ဈေးကွက်ကို ဒီတစ်ပတ်မှာ ရှမ်းတောင် နနွင်းအဝင်နည်းလို့ ယခင်တစ်ပတ်ထက် ၃ဝဝ ကျပ် မြင့်တက်ပြီး၊ တစ်ပိဿာ ၂၃ဝဝ ကျပ်နဲ့ ရောင်းဝယ်ကြတယ်လို့ သိရပါတယ်။ ပုံမှန်အဝင်ရှိရင် တစ်လကို ပိဿာချိန် ၂ဝဝဝဝ ခန့်ရှိပေမယ့် ယခုလပိုင်းမှာ တစ်လကို ပိဿာချိန် ၅ဝဝဝ ခန့်သာ အဝင်ရှိတယ်လို့သိရပါတယ်။ လက်ရှိဝင်နေတဲ့ နနွင်းတက်များက အစိုဓာတ်တွေရှိနေလို့ ပြည်ပအတွက် ဝယ်ယူသူများ အဝယ်စောင့်ဆိုင်းနေတယ်လို့လည်း သိရပါ တယ်။ ဧဧခိုင်
Background