Main menu

Background

ရန်ကုန်ဈေးကွက်ကို အောင်ပန်းချင်းအဝင်များ

Sat, 03/06/2010 - 05:44 -- Anonymous (not verified)

    ရန်ကုန် သီရိမင်္ဂလာဈေးကွက်ကို ဒီတစ်ပတ်အတွင်း ချင်း ပိဿာ ၃ဝ ပါအိတ် ၃ဝဝ-၄ဝဝ သာ အဝင်ရှိလို့ ယခင်အပတ် ထက် အဝင်လျော့သွားပါတယ်။ ဝင်လာတဲ့ချင်းထဲမှာ အောင်ပန်းချင်းများပြီး၊ ကျောက်ဆည်က အဝင်နည်းတယ်လို့ဆို ပါတယ်။ ဈေးနှုန်းအနေနဲ့ အရည်အသွေး၊ အစို၊ အခြောက်လိုက်ပြီး တစ်ပိဿာ ၄ဝဝ ကျပ်၊ ၈ဝဝ ကျပ်၊ ၉ဝဝ ကျပ်နဲ့ ၁၂ဝဝ ကျပ်ဈေးရှိပေမယ့် ၈ဝဝ ကျပ်နဲ့ ၉ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြည်ပပို့သူတွေက အောင်ပန်း၊ တောင်ကြီးကိုဆင်းပြီး ဝယ်ယူမှုရှိလို့ ရန်ကုန်မှာ ချင်းအရောင်းအဝယ် အေးနေပါတယ်။