Main menu

Background

ကားလေးများအဝယ်လိုက်သဖြင့် ဈေးအသာဖြင့် ရောင်းအားရှိနေ

Mon, 06/16/2014 - 09:18 -- ydnar

 

ဇွန်လ ဒုတိယပတ်၏ ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေအနေမှာ ကျောင်းဖွင့်ရာသီကာလဖြစ်သဖြင့် ကားအရောင်းအဝယ် များ ပြန်ကောင်း နေသော်လည်းစလစ်ဈေးမြင့်တက်မှု ကြာင့် ကားလေးများနှင့် လိုက်ထရပ်များသာ အရောင်းရတွင် ကျယ်ေ န ကြောင်း သိရသည်။
ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းပြောင်းရွှေ့ပြီးချိန်မှစ၍ ဖွင့်လှစ်ခဲ့ သောစခန်း (၂) ခုအနက် မင်းရဲကျော် စွာယာဉ်ရောင်းဝယ်ရေးစခန်းမှာ လှိုင် မြို့နယ် (၁၁) ရပ်ကွက်သို့ ထပ်မံပြောင်း ရွှေ့ပေးရန် ထပ်မံအကြောင်း လာပြီးေြ မ ပြုပြင်ရေး လုပ်ငန်းများ ပြီးစီးမည့်ဇွန်လ အတွင်းပြောင်းရွှေ့သွားရမည်ဟု သိရ သော်လည်းထိုစခန်းမှာ

လူနေရပ်ကွက် အနီးတွင် တည်ရှိ သဖြင့် ထပ်မံ၍ယာယီ သဘောဖြစ်နိုင်ပြီးကားရောင်းဝယ်ရေး လုပ်ကိုင်သူများအသင်းနှင့် ပူးပေါင်း ကာ ထောက်ကြံ့မြို့နယ် ဖက် တွင် မြေ လွတ် ဧက ကျယ်ကျယ် ဝယ်ယူနိုင်ရေး အစီအစဉ် ရှိကြောင်းလည်း ကြားသိရ သည်။
ယခုကဲ့သို့ မင်းရဲကျော်စွာဝိုင်းတွင် ပြောင်းရွှေ့ရေးကိစ္စလှုပ်လှုပ်ရှားရှားဖြစ် နေသော်လည်း ကားဝန်ဆောင်မှုလုပ် ငန်း၊ ရေဆေး လုပ်ငန်းလုပ်ကိုင်သူများမှ လွဲ၍ ကျန်ဝယ်ရောင်းအကျိုးဆောင်အ များစုမှာ ဇွန်လအတွင်းဖရီးပါမစ်ဖြင့် တင်သွင်းလာသည့် ကားလေးများရောင်းအားကောင်းလာသဖြင့် ဈေးအနည်း ငယ်မြင့်တက်လာကာ ကြိုပွိုင့်အဖြစ် ရောင်းချပေးမှုများနှင့်ပ င်အလုပ်ဖြစ်ေ န ကြောင်း ဝါရင့်ဝယ်ရောင်းအကျိုး ဆောင်ကိုမြင့်ကျော်မှ ပြောသည်။
အစိုးရကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများဖွင့်လှစ်လာသည့် မိုးရာသီ အစကာလဖြစ်သဖြင့် လတ်တလော ကားဈေးကွက် တွင် ဆီစားသက်သာ သော ကားလေးများအဝယ်လိုက်နေပြီး ၁၃၀၀ စီစီနှင့် အောက်၊ ၁၅၀၀ စီစီထိ ဝယ်ယူမှုရှိလာကြောင်း၊ နယ်ဝယ်လက် များရောက်လာလျှင်လည်း ယခင်က ကလူဂါ၊ ဟာရီယာ၊ ပါရာဒိုကားများ အမေးများသော်လည်း အဝယ်အနည်း အကျဉ်းသာရှိလာပြီးသိန်း ၁၅၀ ဝန်း ကျင် ကားများဘက်လှည့်လာကြောင်း၊ စလစ်ပေါက်ဈေးမှာ ၁၁၅ သိန်း ကျော် ကျော် ပေါက်ေ န၍ဖြစ်ကြောင်း ၎င်းင်းမှ ပြောသည်။
မြို့တွင်းရှိ အငှားယာဉ်တက္ကစီ ရောင်းချနေရမှုမှာ တက္ကစီစလစ်ဈေး ၆၀ သိန်းနှင့် ၆၅ သိန်းကြားသာရှိသော် လည်း မြို့တွင်းလမ်းများယခုကျောင်းဖွင့် ရာသီတွင် ပိုမိုယာဉ်ကြောပိတ်ဆို့လာ၍ တက္ကစီအဖြစ်မသုံးဘဲ အခွန်ရာခိုင်နှုန်း သက်သာသော အဆင့်မြင့်ကားများ (မတ်ခ်တူး၊ အေဇီးရိုး) စသည်တို့အား တက္ကစီစလစ်တပ်ဝယ်ယူပြီး အိမ်သုံး၊ ကျောင်းသုံးကားများအဖြစ် သုံးစွဲမှုများ တွေ့လာရကြောင်းသိရသည်။