Main menu

Background

ရန်ကုန်-မော်လမြိုင်ရွှေမြိုင်သူယာဉ်လိုင်းသစ်ပြေးဆွဲရန်ရှိ

Fri, 03/05/2010 - 09:08 -- Anonymous (not verified)

     ဗန္ဓုုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ယခုလကုန်ပိုင်းတွင် ရန်ကုန်-မော်လမြိုင် အဝေးပြေးယာဉ်လိုင်းသစ်တစ်ခု ပြေးဆွဲရန် စီစဉ်နေကြောင်း သိရ သည်။အဆိုပါယာဉ်လိုင်းတွင် ပြေးဆွဲရန် ပြည်ပမှမှာယူထားသော ကားများ အနက် လေးစီးဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းကားများမှာ ဂျပန်ကားသစ်များဖြစ်ကြောင်း၊ ရန်ကုန်-ပဲခူး-ကျိုက်ထို-သထုံ-မုတ္တမ-မော် လမြိုင် ခရီးစဉ်အတိုင်း ပြေးဆွဲမှာဖြစ်ကြောင်း ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ရန်ကုန်-မော်လမြိုင် ခရီးစဉ်တွင် ပြေးဆွဲမည့်ကားများကို ရွှေမြိုင်သူ ယာဉ်လိုင်းဟု နာမည်ပေးထားပြီး ဗန္ဓုုလ သယ်ယူပို့ဆောင်ရေး၏ (၁ဝ)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။ရန်ကုန်-မော်လမြိုင် အဝေးပြေးယာဉ်လိုင်းမှ ယာဉ်စီးခနှုန်း ထားမှာ တစ်ဦးလျှင် ကျပ် ၅ဝဝဝနှုန်း သတ်မှတ်ထားကြောင်း သိရသည်။