Main menu

Background

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ပြည်တွင်းတစ်တန်ဈေးနှုန်းများ

Thu, 08/13/2026 - 15:53 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၀ ရက်တွင်ဖြစ်ပေါ်နေသည့် ပဲမျိုးစုံပြည်တွင်းတစ်တန်ဈေးနှုန်းများနှိုင်းယှဉ်ရာတွင် မတ်ပဲတစ်တန် ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်တွင် ကျပ် ၃၀၂၇၀ဝ၀ ရှိရာမှ ၂၀၂၆ ခုနှစ်တွင် ကျပ် ၃၅၀၇၀ဝ၀သို့လည်းကောင်း၊ ပဲစင်းငုံတစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်တွင်ကျပ်၂၈၀၇၀ဝ၀ ရှိရာမှ ၂၀၂၆ ခုနှစ်တွင် ကျပ် ၃၂၁၀ဝ၀ဝ သို့လည်းကောင်း အသီးသီးဈေးမြင့်တက်သွားပြီးပဲတီစိမ်းတစ်တန် ဈေးနှုန်း မှာ ၂၀၂၅ ခုနှစ်တွင် ကျပ်  ၃၆၈၆၆၀ဝ ရှိရာမှ ၂၀၂၆ ခုနှစ်တွင် ကျပ် ၂၄၆၁၈၀ဝ သို့လည်းကောင်း၊ ပဲလွမ်းဖြူအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကျပ် ၂၈၀၇၈၀ဝ ရှိရာမှ ၂၀၂၆ ခုနှစ်တွင်လည်း ကျပ် ၂၁၄၃၄၀ဝ သို့လည်းကောင်း အသီးသီးဈေးကျဆင်းလျက်ရှိသည်ကို တွေ့ရှိရသည်။    
လက်ရှိတွင် အိန္ဒိယအစိုးရ နိုင်ငံခြားကုန်သွယ်မှုအထွေထွေညွှန်ကြားမှုဦးစီးဌာနက ပဲစင်းငုံနှင့် မတ်ပဲလွတ်လပ်စွာတင်သွင်းခွင့် မူဝါဒကို ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးလိုက်သည့်အတွက် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသော ပဲစင်းငုံနှင့် မတ်ပဲတို့အတွက်  ဈေးကွက်အခွင့်အလမ်းများ ဆက်လက်ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ 
တောင်သူများအနေဖြင့် ပဲမျိုးစုံများအနက် ပဲစင်းငုံနှင့် မတ်ပဲကို စီးပွားဖြစ်ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ဇာစ်မြစ်။    ဘုရင့်နောင်ကုန်စည်ဒိုင်တွင်၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ်တို့၏ ဇူလိုင်လ ၃၀ ရက်နေ့တွင် ဖြစ် ပေါ်နေသည့် ပဲမျိုးစုံများ၏ အမြင့်ဈေးနှုန်းများအား ကာလတူနှိုင်းယှဉ်ထားခြင်းဖြစ်ပါသည်။