Main menu

Background

ရေနံစိမ်းဈေးခပ်ပျော့ပျော့

Wed, 02/03/2010 - 07:10 -- Anonymous (not verified)

    ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာ ရေနံစိမ်းဈေးတွေ ခပ်ပျော့ပျော့နဲ့ အကျဘက်ကိုရောက်နေပါ တယ်။ စီးပွားရေးအညွှန်းကိန်းများအရ ရေနံစိမ်းဈေးမကျလောက်ပေမဲ့ ဆီဈေးတွေက ကျနေပါ တယ်။ အမေရိကန်မှာ တစ်ချို့လက်လီ အရောင်းအဝယ်သမားများက သူတို့ရဲ့ ဝယ်လိုအားကို ဆက်မတိုးခဲျ့ပဲစောင့်ကြည့်နေကြပါတယ်။ ကယ်လီဖိုးနီးယားဒေသမှာ ပန့်ဈေးအဖြစ် ဓါတ်ဆီ တစ်ဂါလံကို ပျမ်းမျှ ၂ ဆင့်ခန့်ဈေးကျခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်က တစ်ဂါလံ ၃ ဒသမ ဝ၂၆ ဒေါ်လာခန့်ရှိခဲ့တာပါ။ စွမ်းအင်ဌာနရဲ့ အပတ်စဉ် လေ့လာချက်အစီရင်ခံစာအရ ဓါတ်ဆီ တစ်ဂါလံ ပျမ်းမျှဈေးက ပုံမှန်ထက် ၁ ဒသမ ၂ ဆင့်လျော့ပြီး တစ်ဂါလံ ၂ ဒသမ ၇၃၉ ဒေါ်လာ ရှိကြောင်း၊ တစ်နိုင်ငံလုံးရဲ့ ဝယ်ယူမှုအင်အားအပေါ်အခြေခံကာ တွက်ချက်ပြီး ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ဇန်နဝါရီ နောက်ဆုံးအပတ်အတွင်း တိုးခဲျ့တင်သွင်းခဲ့မှုကြောင့်  ရေနံစိမ်း လက်ကျန် ရော ဓါတ်ဆီလက်ကျန်ပါ မြင့်မားနေပါတယ်။ ''ရေနံစိမ်းတွေကို သန့်စင်ဖို့ရာ အဝယ်နည်းသွား တဲ့အတွက် နည်းနည်းတုံ့ဆိုင်းသွားနိုင်တယ်။ ရေနံစိမ်းကနေရရှိတဲ့ ဓါတုပစ္စည်းတွေရဲ့ဈေးလည်း ရေနံစိမ်းဈေးနဲ့အတူ တစ်တန်းတည်း ဝယ်အားနည်းနေတယ်'' လို့ သုတေသီ Fadel Gheit  က ပြောပါတယ်။ ရေနံစိမ်းဈေးက ၅၅ ဒေါ်လာအောက် မရောက်သင့်ဘူး၊ သန့်စင်တဲ့အခါမှာ ကုန်ကျ စရိတ်တွေကို လျှော့ချဖို့နဲ့ စီမံခန့်ခွဲမှု ကောင်းဖို့လိုကြောင်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။ WWN